မေလ ၃၀ ရက်နေ့မှုခင်းသတင်းများ

-မေလ ၂၉ ရက်နေ့ ၁၀၀၀ နာရီချိန်တွင် ဘောလခဲမြို့၊ အမှတ်(၂) ရပ်ကွက်တွင် နေထိုင်သော ဦးစောမူထိုး နှင့် ဇနီးဖြစ်သူ ဒေါ်နော်ရီနာထူး (၃၈) နှစ်တို့သည် ဦးစောမူထိုးမှာ အူအတက်ပေါက်၍ ဆေးရုံးတက်ရောက်ကုသပြီး ရောဂါပျောက်ကင်း၍ ဆေးရုံဆင်း၍ အိမ်ပြန်စဉ် လောလခဲ-ဖားဆောင်းကားလမ်းမကြီး၊ (၅၆) မိုင်အရောက်တွင်အကြမ်းဖက်သမားများမှ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ဒေါ်နော်ရီးနားထူး မှာ ဝဲပါးကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ..

– မေလ ၂၉ ရက်နေ့ ၁၃၄၅ နာရီချိန်တွင် မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်၊ မြန်လေးလမ်းတွင်နေထိုင်သော ဦးနေလင်း(၅၂) နှစ်သည် နေအိမ်၌ မိသားစုနှင့် အတူရှိနေစဉ် အကြမ်းဖက်သမားများမှ ရောက်ရှိလာပြီး စစ်ဆေးရန်ရှိသည်ဆိုကာ နေအိမ်ရှေ့တွင်ရပ်ထားသော ဆိုင်ကယ် ၁ စီးနှင့် လက်ကိုင်ဖုန်း ၁ လုံးကိုပါ ယူဆောင်ပြီး ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရ..

-မေလ ၂၉ ရက်နေ့ ၁၁၀၀ နာရီချိန်တွင် ဗန်းမောက်မြို့၊ တုံးလှော်ရပ်ကွက်တွင် နေထိုင်သော ဦးမြင့်ဆန်း(၅၇) နှစ်သည် နေအိမ်၌ မိသားစုနှင့် အတူရှိနေစဉ် အကြမ်းဖက် PDF များမှ လက်လုပ်သေနတ်များ ကိုင်ဆောင်ရောက်ရှိလာပြီးCDM မပြုလုပ်ဘဲ တာဝန်ထမ်းဆောင်နေသည်ဟုဆိုကာ ဦးမြင့်ဆန်းအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရ..

-မေလ ၂၉ ရက်နေ့ ၁၀၀၀ နာရီချိန်တွင် ဗန်းမောက်မြို့၊ မြနဒ္ဒါရပ်ကွက်တွင်နေထိုင်သော ဦးညီညီငယ်(၄၃) နှစ်သည် နေအိမ်မှ မြေစာရင်းရုံးသို့ ထွက်ခွာလာစဉ် ရုံးရှေ့အရောက်၌ အကြမ်းဖက်သမား ၄ ဦးမှ လက်လုပ်သေနတ်များ ကိုင်ဆောင်ရောက်ရှိလာပြီး လယ်ကျင်းကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရ..

-မေလ ၂၉ ရက်နေ့ ၀၆၁၅ နာရီချိန်တွင် ရေနံချောင်းမြို့၊ ကုက္ကိုကွကျေးရွာတွင် နေထိုင်သော ဦးစိန်ဦးသည် နေအိမ်၌ ရှိနေစဉ် အကြမ်းဖက်သမား ၄ ဦးမှ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးစိန်ဦးတွင် ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် နေရာတွင်ပင်သေဆုံးသွားခဲ့ကြောင်း သိရှိရ..

-မေလ ၂၉ ရက်နေ့ ၁၂၀၀ နာရီချိန်တွင် သပိတ်ကျင်းမြို့နယ်၊ ကိုးပင်ကျေးရွာတွင် နေထိုင်သော မောင်ဟိန်းဇော်ဝင်း (၂၂) နှစ် သည် ၎င်းပိုင်ဆိုင်သော တောင်ယာအတွင်း နွားကျောင်းနေစဉ် အကြမ်းဖက်သမား ၃ ဦးမှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဟိန်းဇော်ဝင်းမှာ ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် နေရာတွင်ပင်သေဆုံးသွားခဲ့ကြောင်း သိရှိရ…