အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရဲ့ စနစ်များအားလုံး ယာယီနားမည်

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ Food၊ Drug၊ Medical Device and Cosmetic E-Submission များကို နှစ်သစ်ကူးသင်္ကြန်ရုံးပိတ်ရက် ကာလအတွင်း Server Colocation & Configuration ပြုလုပ်ခြင်းအတွက် System အား Maintenance ပြုလုပ်မှာဖြစ်တဲ့အတွက် ခေတ္တရပ်ဆိုင်းထားမယ်လို့ သိရပါတယ်။
အဆိုပါ စနစ်အသုံးပြုခြင်းကို ဧပြီလ ၁၃ ရက်ကနေ ၂၁ ရက်အထိ ခေတ္တရပ်ဆိုင်းထားမှာဖြစ်ပြီး ၂၂ ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း အသိပေးထားပါတယ်။
E-Submission ဆောင်ရွက်ခဲ့တဲ့ ကိစ္စရပ်များနှင့်ပတ်သက်၍ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီး ဌာန၏ Trade Facilitation ဆိုင်ရာ ဆောင်ရွက်မှုအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်ကာ E-Submission စနစ်များအား စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။

#PAN