သင်္ဃန်းကျွန်းမြို့ရှိ ကားအပိုပစ္စည်းဂိုဒေါင် မီးလောင်မှုဖြစ်ပွား

ဇန်နဝါရီလ ၂၈ရက်နေ့ နေ့လည် ၁၂နာရီ ၁၉မိနစ်အချိန်ခန့်က သင်္ဃန်းကျွန်းမြို့နယ်၊ ပျဉ်းမမြိုင်လမ်း၊ ခ ရပ်ကွက်မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

“ဂိုဒေါင်က ဒဂုံရုပ်ရှင်ရုံဟောင်းဝင်းအတွင်းရှိတာ။ ပေါက်ကွဲသံလဲကြားရတယ်။ ဂိုဒေါင်အထဲမှာ မီးခိုးတွေအူထွက်လာပြီး လောင်တာပေါ့။ အခြားအိမ်တွေကိုတော့ မီးဟပ်တာတော့ရှိတယ်။ မီးကူးတာမရှိဘူး”လို့ အနီးဝန်းကျင်နေသူတစ်ဦးက ပြောပါတယ်။

မီးလောင်ကျွမ်းမှုဖြစ်စဉ်ကြောင့် ဂိုဒေါင်အတွင်းရှိ ကားအပိုပစ္စည်းများ ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း သိရပြီး ဘေးချင်းကပ်လျက်ရှိတဲ့ လူနေအိမ် ၂လုံး မီးဟပ်သွားခဲ့ကာ မီးလောင်ကျွမ်းမှုကြောင့် အနီးရှိ ပြည်သူများက ဝိုင်းဝန်းငြိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။