ကျားဖြူစစ်ကြောင်းမှ PDF တစ်ဦး အလင်းဝင်ရောက်

ဝင်လာမစဲ တသဲသဲ….

မေလ ၃၀ ရက်၊ နေ့လည် ၁၁ နာရီ အချိန်ခန့်က သင်္ကန်းညီနောင်တပ်နယ်တွင် ပစ်မှုကျူးလွန်ထားခြင်းမရှိသော PDF တစ်ဦး(လက်နက်မဲ့) အလင်းဝင်ရောက်လာခဲ့ပါတယ်။ အလင်းဝင်ရောက်လာသူ PDF မှာ ကျားဖြူတပ်ခွဲမှ (၂၂) နှစ်၊ အရွယ်တစ်ဦးဖြစ်ပြီး အဆိုပါအလင်းဝင်ရောက်လာသူအား မေးမြန်းရာ “KNU နယ်မြေအတွင်းမှာ အလင်းဝင်ချင်တဲ့ PDF တွေမှ အများကြီးပဲ၊ မိန်းကလေး PDF တွေဆိုရင် နေ့တိုင်း ငိုယိုနေကြရတယ်၊ သူတို့လက်က လွတ်အောင်ပြေးနိုင်တဲ့နေ့ အလင်းဝင်လာမဲ့နေ့ပဲ၊ တချို့ဆိုရင် ထောင်ကျရင် ကျပါစေ၊ စစ်တပ်ဆီမှာပဲ ထောင်ကျခံမယ်လို့ကို ပြောကြတာ၊ တစ်ရက်တစ်ရက် ဒုက္ခတွေနဲ့ ငရဲခန်းကြီးလို ဖြစ်နေတာဗျ”လို့ ၎င်း၏ ပြောပြချက်အရ သိရှိရပါတယ်။ နိုင်ငံတော်နဲ့ တပ်မတော်ရဲ့ သဘောထားအမှန်တွေ သိရှိလာတဲ့ PDF တွေကတော့ အလင်းဝင်လာကြပြီ။

နစကအစိုးရကလည်း အလင်းဝင်သူတွေကို ပါလာတဲ့လက်နက်ခဲယမ်းအလိုက် ဆုကြေးငွေများပေးမယ်လို့ ထုတ်ပြန်ကြေညာထားတဲ့အတိုင်း ဆုကြေးတွေပေးနေလို့ကတစ်ကြောင်း အကြမ်းဖက်သမားတွေအနေနဲ့ ဒီရက်ပိုင်းတွေမှာ သေကြေမှုတွေများလာတာကတစ်ကြောင်းကြောင့် အလင်းဝင်သူတွေခပ်စိပ်စိပ်ဖြစ်နေကြောင်း သိရပါတယ်။တချို့ PDF တွေကတော့ တောထဲတောင်ထဲ လုယက်ရမ်းကား ဓားပြတိုက်စားနေရတာကို ကြိုက်နေတုန်း။