ကမာကြည်တံတား၊ အမှတ် (၂)ပေါ်မှ အသက် ၂၀ခန့် အမျိုးသမီးတစ်ဦး ခုန်ချမှုဖြစ်ပွား

အောက်တိုဘာလ ၂၄ ရက် နံနက်ပိုင်းမှာ ကမာကြည်တံတား၊ အမှတ်(၂)ပေါ်မှ အသက် ၂၀ခန့် အရွယ်အမျိုးသမီးတစ်ဦး ခုန်ချမှုဖြစ်ပွားခဲ့ကြောင်း သင်္ဃန်းကျွန်းမြိုနယ်၊(ခ)ရပ်ကွက်အခြေပြုပရဟိတအသင်းမှ သိရပါတယ်။

ဖြစ်စဉ်မှာ ယနေ့နံနက် ၈ နာရီခွဲခန့်တွင် တောင်ဒဂုံ-သုဝဏ္ဏအား ဆက်သွယ်ထားသည့် ကမာကြည်တံတား၊ အမှတ်(၂)ပေါ်မှ အသက် (၂၀)ခန့်အရွယ် အမျိုးသမီးတစ်ဦးသည် တံတားအလယ်လျှောက်လမ်း အရောက်တွင် ၎င်းနှင့်အတူပါလာသည့် ပိုက်ဆံအိတ်၊ ဖုန်းနှင့် လိပ်စာကတ်များအား ချထားကာ ချောင်းအတွင်း ခုန်ချသွားခဲ့ကြောင်း သိရပါတယ်။

လက်ရှိတွင် အဆိုပါတံတားအနီးသို့ ပရဟိတလူမှုကူညီရေးအဖွဲ့များ ရောက်ရှိနေပြီး ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် ပြင်ဆင်လျက်ရှိကြောင်း သတင်းရရှိပါတယ်။