မြန်မာကစားသမား နန္ဒကျော်ရဲ့ အပြောင်းအရွှေ့ ပတ်စ်ပို့စ်အခက်အခဲကြောင့် ပျက်ပြယ်

ထိုင်းလိဂ်ကိုပြောင်းရွှေ့ကစားဖို့အတွက် ပြင်ဆင်နေတဲ့ မြန်မာ့လက်ရွေးစင်ဘယ်နောက်ခံကစားသမား နန္ဒကျော်ရဲ့ကြိုးပမ်းမှုအခြေအနေဟာ ပတ်စ်ပို့စ် အခက်အခဲကြောင့် ပျက်ပြယ်ခဲ့ရပြီဖြစ်ကြောင်း ကစားသမားရဲ့အေးဂျင့်က သူ့ရဲ့လူမှုကွန်ရက်မှာ အသိပေးကြေညာခဲ့ပါတယ်။ မြန်မာနေရှင်လိဂ်ကလပ် ရှမ်းယူနိုက်တက်အသင်းကစားသမား နန္ဒကျော်ဟာ ထိုင်းလိဂ်အပြောင်းအရွှေ့ပျက်ပြယ်ပြီးနောက် မိခင်ကလပ် ရှမ်းယူနိုက်တက်မှာ ပြန်လည်ကစားဖို့အတွက်လည်း အခက်အခဲရှိနေပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ အေးဂျင့်ဖြစ်သူ ကိုရဲနိုင်ဝင်းကဆိုပါတယ်။

မြန်မာကစားသမားကို ထိုင်းလိဂ်(၁)ကလပ်အသင်းတွေဖြစ်တဲ့ ဆူခိုထိုင်း၊ ရချာဘူရီအသင်းတွေက စိတ်ဝင်စားခဲ့ပြီး ရချာဘူရီအသင်းက စာချုပ်ခေါ်ယူခဲ့တာပါ။ လက်ရှိမှာတော့ ပတ်စ်ပို့စ်အချိန်မီမရနိုင်တဲ့အတွက် ထိုင်းလိဂ်ဒ-အကျော့အတွက် လူစာရင်းတင်ရာမှာ အချိန်မမီတော့ဘူးလို့လည်းသိရပါတယ်။

ထိုင်းလိဂ်(၁)ကလပ် ရချာဘူရီအသင်းမှာ မြန်မာကစားသမားတွေဖြစ်တဲ့ ဂိုးသမား မျိုးမင်းလတ်နဲ့ နောက်ခံလူ ဟိန်းဖြိုးဝင်းတို့လည်းပါဝင်ကစားနေပါတယ်။ ထိုင်းလိဂ်(၁) မှာ မြန်မာကစားသမား (၄)ဦးကစားနေပြီး နန္ဒကျော်သာထိုင်းလိဂ်ရောက်ခဲ့မယ်ဆိုရင် လိဂ်(၁)မှာ မြန်မာကစားသမား (၅)ဦးအထိရှိသွားမှာလည်းဖြစ်ပါတယ်။