(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဘတ်စကက်ဘောဗိုလ်လုပွဲကျင်းပ

၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြန်မာနိုင်ငံဘတ်စကက်ဘော အဖွဲ့ချုပ်ဖလား အမျိုးသား၊ အမျိုးသမီးဘတ်စကက်ဘောပြိုင်ပွဲဗိုလ်လုပွဲကို   ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ကျင်းပခဲ့ပါတယ်။ 

ဗိုလ်လုပွဲဘတ်စကက်ဘောအမျိုးသား၊ အမျိုးသမီးအလွတ်တန်း ပြိုင်ပွဲသည် ၁၀ မိနစ်လေးပိုင်း  အကြိတ်အနယ်ကစားကြရာ အမျိုးသမီးအလွတ်တန်းတွင် A.Studio အသင်း Western Park အသင်းကို ၆၅ မှတ်၊ ၃၅ မှတ်ဖြင့် လည်းကောင်း၊ အမျိုးသားအလွတ်တန်း၌ Sam Par Oo  အသင်းက Legend အသင်းကို ၈၄ မှတ်၊ ၇၅ မှတ်ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမျိုးသမီး Over50 ပထမဆုရ  Gold Star အသင်း၊ အမျိုးသား Over50 ပထမဆုရ Friendship အသင်း၊ အမျိုးသမီးအလွတ်တန်း A.Studio အသင်း၊ အမျိုးသားအလွတ်တန်း Sam Par Oo အသင်းတို့အား တံခွန်စိုက်ဆုဖလားချီးမြှင့်ခဲ့ပါတယ်။ ယင်းပြိုင်ပွဲကို  ဒီဇင်ဘာ ၁၂ ရက်မှ ၁၉ ရက်အထိကျင်းပခဲ့ပြီး အားကစားသမား၂၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရပါတယ်။