ဓားစာခံအမျိုးသမီးအား တပ်မတော်က စစ်နည်းဗျူဟာမြောက်ကယ်ဆယ်နိုင်ခဲ့

ဒီနေ့မနက် ၆ နာရီခွဲခန့်မှာ ပခုက္ကူမြို့၊ (၁)ရပ်ကွက်၊“အောင်ဆင်မင်း”ကုန်စုံဆိုင်က မဟန်နွေဦး သည်နေအိမ်ရှေ့ ဆွမ်းလောင်းနေစဉ် အကြမ်းဖက် PDF(၃)ဦးမှ ဆိုင်ကယ်(၂)စီးဖြင့် ရောက်လာပြီး သေနတ်ထောက်ကာ နေအိမ်အတွင်းရှိ ဆွဲကြိုး(၁)ကုံး၊ နားကပ်(၁)ရံ၊ ဖုန်း (၈)လုံးတို့နှင့်အတူ ဖမ်းဆီးယူဆောင်သွားခဲ့ကြပါတယ်။

မဟန်နွေဦးမှာ တပ်မတော်သားတစ်ဦး၏ဇနီးဖြစ်ပြီး ပခုက္ကူမြို့အား လုံခြုံရေးအဖွဲ့ဝင်များပိတ်ဆို့ရှာဖွေနေစဉ် နေ့လည် (၂)နာရီခန့်မှာပြည်သူတစ်ဦး၏ သတင်းပေးမှုအရ မကွေးတိုင်း၊မြိုင်မြို့နယ်၊ တောင်ရွာဆည်(ရှင်းလင်းဆောင်)ထဲမှာဖမ်းဆီးထားကြောင်းသိရှိခဲ့ရပါတယ်။

ထို့နောက် တပ်မတော်က စစ်နည်းဗျူဟာမြောက်စီမံချက်ရေးဆွဲကာ ဓားစာခံအမျိုးသမီး ဖမ်းဆီးခံထားရတဲ့နေရာကို စီးနင်းရှာဖွေကယ်ဆယ်ခဲ့။တောင်ရွာဆည်(ရှင်းလင်းဆောင်)အနီး ထိတွေ့မှုအနည်းငယ်ဖြစ်ပွားခဲ့ပြီး PDF များ ဆုတ်ခွာသွားခဲ့သဖြင့် မိမိဘက်က ထိခိုက်မှုမရှိဘဲ ဓားစာခံအမျိုးသမီးအား မိနစ်(၄၀)အတွင်း ကယ်တင်နိုင်ခဲ့ပါတယ်။

အကြမ်းဖက် PDF များရဲ့လုပ်ရပ်များဟာစစ်ရေးပစ်မှတ်မဟုတ်သူများကို အကြောင်းမဲ့ဖမ်းဆီးခြင်း၊ နိုင်ငံတော်ပိုင်ဆည်နှင့် အဆောက်အဦအား အကာအကွယ်ရယူတိုက်ခိုက်ခြင်းမှာဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့ကို ချိုဖောက်တဲ့ လုပ်ရပ်(War Crimes)ဖြစ်တဲ့အတွက် ထိရောက်စွာချေမှုန်းနိုင်ရေးဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရှိရပါတယ်။