မင်္ဂလာရှိသောမနက်ခင်းလေးပါရှင်

” နေရာမမှန်လျှင် တန်ဖိုးမဲ့တယ် “
🍬🍬🍬🍬🍬
☕️ဘဝမှာ တစ်ချိုအရာတွေက
နေရာမမှန်ရင် ထားရှိတဲ့ စေတနာတွေနဲ့၊
ပေးဆပ်တဲ့ အရာတွေဟာ တန်ဖိုးမဲ့ နေမှာပါပဲ။
☕️သနပ်ခါးက မိန်းကလေးတစ်ယောက်
သူမမျက်နှာမှာ လိမ်းထားတဲ့အခါ
နေရာမှန်လို့ လှပပြီး ချစ်စရာကောင်း
တယ်။
☕️အဒီ သနပ်ခါးဟာ သွေးနေရင်းနဲ့ ကြမ်း
ပြင်ပေါ် ကျကုန်တဲ့အခါ ကြမ်းပြင်မှာ ရှိ
နေတဲ့ သနပ်ခါးတွေဟာ နေရာမမှန်လို့
တန်ဖိုးမဲ့ရတယ်။ အညစ်အကြေးအဖြစ်
သက်ရောက်သွားတယ်။
☕️ဆံပင်က မိန်းကလေးတစ်ယောက်
ခေါင်းလျှော်ပြီးချိန်လေးများ ဖြန့်ချထား
ရင်၊ သူမဆံပင်လေးကို အမျိုးမျိုး လှပစွာ ပြုပြင်ထားရင် နေရာမှန်လို သိပ်လှပြီး ချစ်စရာကောင်းတယ်။
☕️အဲ့ဒီ ဆံပင်တွေက ကော်ဖီခွက် (သို့)
ဟင်းခွက်ထဲ ရောက်သွားမယ်ဆိုရင်
နေရာမမှန်တဲ့အတွက် ရွံစရာ
ဖြစ်သွားနိုင်တယ်။
☕️ပေးဆပ်တယ် ဆိုပေမယ့်
ကိုယ်ဘယ်လောက်ပဲ
အဖိုးတန်တဲ့ သူတစ်ယောက်ဖြစ်ပါစေ
တန်းဖိုးသိ သူနဲ့တွေ့မှ တန်းဖိုးထားခံရမှာပါ
☕️ကယ်ဘယ်လောက်ပဲ
ပေးဆပ်ခဲ့တဲ့ လူတစ်ယောက်ဖြစ်နေပါစေ အလေးထားတဲ့ သူနဲ့တွေ့မှ
ကိုယ်ရဲ့ ပေးဆပ်မှုဟာ အရာထင်ပါလိမ့်မယ်
☕️ကယ်ဘယ်လောက်ပဲ
ရိုးသားနေပါစေ
မှန်ကန်တဲ့ လူတစ်ယောက်နဲ့ ဆုံတွေ့နိုင်မှကိုယ်ရဲ့ ကောင်သတင်းတွေဟာ ကျော်ဇောနိုင်မှာပါ
☕️ကယ်ဘယ်လောက်ပဲ အလျော့ပေးတဲ့
လူတစ်ယောက်ဖြစ်နေပါစေ
ညှာတာထောက်ထားတဲ့
လူတစ်ယောက်တွေ့မှ
ဒါတွေကို သိတတ်ခံစားနိုင်မှာပါ
☕️တတယ်လို့ ကောင်းမွန်တဲ့
သူတွေနဲ့ မဆုံးတွေ့ခဲ့ဘူးဆိုရင်
ကိုယ်ကို ကောင်းမွန်စွာနေထိုင်သွားဖို
သတိပေးနေရင် ရပြီ
☕️နားမလည်သူ့တွေရဲ့ အကြည့်တွေ အပြောတွေကို ခဏ ဖယ်ထုတ်ထားလိုက်ပါ
☕️အရာရာ အားလုံးက
သူ့နေရာနဲ့သူ နေရာမှန်ဖို လိုပါတယ်၊
နေရာမမှန်ရင်တော့ တန်ဖိုးတွေ
မဲ့နေရအုံးမှာပါပဲ။
🍽🍽🍽🍽🍽🍽🍽🍽🍽🍽🍽🍽
မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်