မလေးရှားနဲ့ပွဲအတွက် အဆင်သင့်ပဲလို့ မြန်မာအသင်းနည်းပြချုပ်ပြော

ဒီဇင်ဘာ ၂၀ရက်က မလေးရှားအသင်းနဲ့ပွဲစဉ်အတွက် မြန်မာအသင်းသားတွေအားလုံးအသင့် ဖြစ်နေပြီး မြန်မာ့
လက်ရွေးစင်ဘောလုံးအသင်းနည်းပြချုပ် အန်တိုနီဟေး က ပြောကြားလိုက်ပါတယ်။
AFF Mitsubishi Electric Cup 2022 ပြိုင်ပွဲရဲ့ အုပ်စု(ခ)အဖွင့်ပွဲစဉ်အဖြစ် မြန်မာအသင်းနဲ့
မလေးရှားအသင်းတို့သည် ဒီဇင်ဘာ ၂၁ ရက်နေ့ ညနေ ၄ နာရီခွဲမှာ ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းမှာ
ယှဉ်ပြိုင် ရမှာဖြစ်ပါတယ်။
နည်းပြချုပ် အန်တိုနီဟေးက “ ပထမဆုံးအနေနဲ့ ၃ နှစ်အတွင်း အိမ်ကွင်းမှာ ပြန်ကစားရတဲ့အတွက် ကျေနပ်မိ
တယ်။ဒါဟာ ကျွန်တော်တို့ဘာလုပ်နိုင်သလဲဆိုတာကို ပြသဖို့အတွက် သိပ်ကောင်းတဲ့အခွင့်အရေးတစ်ခုပါပဲ။ ကျွန်တော်
တို့ရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေကို နှစ်ပတ်ကျော်လောက်ကစတင်ပြီး လေ့ကျင့်ခြေစမ်းပွဲတွေ ကစားထားပါတယ်။
ကျွန်တော်တို့ပြင်းပြင်းထန်ထန် ကြိုးစားထားပါတယ်။ လိုချင်တဲ့ ပုံစံရဖို့အတွက် ကြံ့ခိုင်မှုအပိုင်းကိုလည်း ကောင်းကောင်း
ပြင်ဆင်ထားပါတယ်။ ပြိုင်ပွဲအတွက် ကစားသမား ၂၃ ဦးစာရင်းကို ထုတ်ပြန်ခဲ့ပြီးတော့ ကြံ့ခိုင်မှုအပြည့်ရှိနေပါတယ်။
အားလုံးက ပြိုင်ပွဲဝင်ဖို့အသင့်ဖြစ်နေကြတဲ့အတွက် မနက်ဖန်ပွဲကို မစောင့်နိုင်အောင် ဖြစ်နေပါပြီ”လို့ ဒီဇင်ဘာ ၂၀
ရက်နေ့က ပြုလုပ်သည့် ပွဲကြို သတင်းစာရှင်းလင်းပွဲမှာပြောတာပါ။
ပြိုင်ပွဲအတွက် မြန်မာအသင်းသည် ထိုင်းနိုင်ငံမှာ သွားရောက်လေ့ကျင့်ခဲ့ပြီး ထိုင်းလိဂ်(၁)ကလပ် ချွန်ဘူရီ၊ လိဂ်(၂)
ကလပ် ဆာမက် ပရာခန် တို့နှင့် ခြေစမ်းပွဲများတွင် အနိုင်ရခဲ့ပြီးနောက် ထိုင်းလက်ရွေးစင်အသင်းနဲ့ ခြေစမ်းပွဲမှာတော့
၆ ဂိုးပြတ်နဲ့ ရှုံနိမ့်ထားပါတယ်။
ပြိုင်ပွဲတွင် မြန်မာအသင်းသည် အိမ်ကွင်းပွဲစဉ်တွေအဖြစ် ဒီဇင်ဘာ ၂၁ ရက်မှာ မလေးရှားအသင်း၊ ဒီဇင်ဘာ ၃၀ ရက်မှာ
လာအိုအသင်းနဲ့ ကစားရမှာဖြစ်ပြီး အဝေးကွင်းပွဲစဉ်တွေအဖြစ် ဒီဇင်ဘာ ၂၄ ရက်မှာ စင်ကာပူအသင်း၊ ၂၀၂၃ ခုနှစ်
ဇန်နဝါရီ ၃ ရက်မှာ ဗီယက်နမ်အသင်းတွေနဲ့ ကစားရမှာဖြစ်ပါတယ်။