အိန္ဒိယ နယ်စပ်မှာ လက်နက်နဲ့ဖမ်းမိတဲ့ လူ ၂ ဦး မြန်မာနိုင်ငံဘက်ကို ထွက်ပြေး

မြန်မာ – အိန္ဒိယ ၂ နိုင်ငံနယ်စပ်မှာရှိတဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ၊ လန်ဘန်ကျေးရွာနားမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့က လက်နက်မှောင်ခိုသယ်ဆောင်သူ လူ ၂ ဦးဆီက ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ ခဲယမ်းတွေကို အာသံတပ်က သိမ်းဆည်းရမိတဲ့အခါ အဲ့ဒီ လူ ၂ ဦးဟာ မြန်မာနိုင်ငံဘက် ထွက်ပြေးလွတ်မြောက်သွားတယ်လို မီဇိုရမ် ပြည်နယ်ရဲတပ်ဖွဲက မနေ့က သတင်းထုတ်ပြန်ထားတယ်လို သိရပါတယ်။