ဒဏ်ရာကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းမှ ဆာကာ နုတ်ထွက်

အာဆင်နယ်အသင်း၏ တိုက်စစ်ကစားသမား ဆာကာ ဟာ ဒဏ်ရာပြဿနာကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းမှ နုတ်ထွက်ခဲ့ကြောင်း သိရပါတယ်။
အသက်၂၂ နှစ်ရှိ ဆာကာက အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ် (၈၇)ပွဲ ဆက်တိုက်ပါဝင်ကစားခဲ့သူဖြစ်ပြီး ယခုတစ်ပတ် မန်စီးတီးနှင့်ပွဲတွင်မှ ဒဏ်ရာကြောင့် လွဲချော်ခဲ့ရခြင်းဖြစ်ပါတယ်။
ထို့ကြောင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်၏ ဆေးအဖွဲ့က ဆာကာ၏ ဒဏ်ရာအခြေအနေကို အကဲဖြတ်တွက်ချက်ပြီးမှသာ လူစာရင်းမှ နုတ်ထွက်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
အင်္ဂလန်အသင်းဟာ အောက်တိုဘာ (၁၄)ရက်(1:15 AM)အချိန်တွင် သြစတြေးလျနှင့် ခြေစမ်းပွဲ၊ အောက်တိုဘာ(၁၈)ရက်(1:15 AM)အချိန်တွင် အီတလီနှင့် ယူရိုခြေစစ်ပွဲယှဉ်ပြိုင်ကစားမှာလည်းဖြစ်ပါတယ်။

PAN