သူတို့ပြောတဲ့ ကျော်မိုးထွန်း၊ ဘယ်မှာလဲ နိုဘယ်ဆု?

၂၀၂၃ ခုနှစ်၊ နိုဘယ်ဆုရှင်များစာရင်းကို အောက်တိုဘာလ ၂ ရက်နေ့တွင် စတင်ကြေငြာခဲ့ပြီး ယခုနှစ်အတွက် ရူပဗေဒ၊ စာပေ၊ ဓာတုဗေဒ၊ ဆေးပညာနှင့် ငြိမ်းချမ်းရေး နိုဘယ်လ် ဆုရှင်များစာရင်းကို ထုတ်ပြန်ကြေညာခဲ့သော်လည်း NUG နှင့် PDF ထောက်ခံကြသူများကြား ရေပန်းစားခဲ့သည့် ဦးကျော်မိုးထွန်းပါမလာကြောင်းနှင့် ဆုများအား ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် အပ်နှင်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။

နိုဘယ်လ်ဆုသည် ရူပဗေဒ၊ စာပေ၊ ဓာတုဗေဒ၊ စီးပွားရေး၊ ဆေးပညာနှင့် ငြိမ်းချမ်းရေးတိုတွင် လူတစ်ဦးချင်း သိုမဟုတ် အဖွဲအစည်းတစ်ခုအား ၎င်းတို၏ ထူးထူးခြားခြား အောင်မြင်မှုများကို ဂုဏ်ပြုသည့် ကမ္ဘာပေါ်တွင် အထင်ရှားဆုံးဆုများထဲမှ တစ်ခုဖြစ်ပြီး NUG နှင့် PDF ထောက်ခံကြသူများကြား ဂုဏ်ယူပြောဆိုမှုများရှိခဲ့သည့် ဦးကျော်မိုးထွန်းမှာ ဒေါ်အောင်ဆန်းဆုကြည်ကဲ့သို မည်သည့်ငြိမ်းချမ်းရေးမှ မလုပ်ခဲ့ဘဲ နိုင်ငံရေးလက်ကိုင်တုတ်သဖွယ် အသုံးပြုနိုင်ရန် ငြိမ်းချမ်းရေး နိုဘယ်ဆုပေးမည်ဟု အသံထွက်ခဲ့ပြီးမှ ဆုရစာရင်းတွင် မပါလာခဲ့ခြင်းဖြစ်သည်။

လာမည့် အောက်တိုဘာလ ၉ ရက်နေ့တွင်လည်း ကြေညာဖို ကျန်ရှိနေသေးသည့် စီးပွားရေး နိုဘယ်ဆုရှင်ကို ကြေညာသွားမည်ဖြစ်ပြီး ၂၀၂၃ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရရှိသူမှာ အီရန်နိုင်ငံတွင် ထောင်ဒဏ် ၁၂ နှစ် အကျဉ်းချခံနေရပြီး ထင်ရှားသည့် အမျိုးသမီး အခွင့်အရေးလှုပ်ရှားသူ Narges Mohammadi က ရရှိခဲ့ကြောင်း သိရှိရသည်။
Photos: Aljazeera

MayYuHtarNay