မင်္ဂလာနံနက်ခင်းပါ

စိတ်ရဲ့အေးချမ်းမှုတွေကို
ကာမဂုဏ်အသုံးဆောင်တွေက
ပေးနေကြတာမဟုတ်ပါဘူး ။

သူတော်ကောင်းတရားတွေက
ပေးနေကြတာပါ ။

ရှိမှနေတတ်တဲ့သူတွေဟာ
ဘာမှ မရှိတော့တဲ့အခါ
အနေခက်လာတတ်ပါတယ် ။

တရားရှိထားတဲ့သူကတော့
ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ
ဘာမှဖြစ်စရာမလိုပဲ
အဆင်ပြေချမ်းသာနေပါတယ် ။

ဒါကြောင့်…ရှိခြင်းရဲ့အပေါ်မှာ
အများကြီး မက်မောမနေပါနဲ့ ။

တစ်နေ့ပျက်ပြီးတော့
စွန့်ခွဲကြရအုံးမယ်ဆိုတာကို
နားလည်သဘောပေါက်ထားပါ ။

ဘေးတွေနဲ့ဆက်နွယ်ရာတွေကို
ဖက်တွယ်ထားမယ်ဆိုရင်
ကိုယ့်မှာဒုက္ခရောက်နိုင်ပါတယ် ။

🙏🙏 🙏သာရ ဂ ဝေ သီ 🙏🙏🙏