လက်လုပ်မိုင်း ပေါက်ကွဲ/တွေ့ရှိ သတင်းများ

-ဇွန်လ ၉ ရက်နေ့ ၁၉၁၅ နာရီချိန်တွင် လားရှိုးမြို့၊ အမှတ်(၂)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ဖူလီလိုက်ဟိုတယ်ရှေ့သို့ အကြမ်းဖက်သမား ၂ ဦးရောက်ရှိလာပြီးလက်လုပ်ဗုံး ၁ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ရာ ဗုံးမှာ ကားပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ယာဉ်အင်ဂျင်ပိုင်း ပျက်စီးခဲ့ပြီး လူ/အဆောက်အဦး ထိခိုက်မှုမရှိကြောင်း သိရှိရ..

-ဇွန်လ ၉ ရက်နေ့ ၀၇၃၀ နာရီချိန်တွင် ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာတွင် နေထိုင်သောမိုးထက်ယံ(၁၂) နှစ်သည် အိမ်အနီးတွင် တွေ့၇ှိသော လက်လုပ်ဗုံးသီးတစ်လုံးအား ဓားဖြင့်ခုတ်၍ ဆော့ရာမှ ပေါက်ကွဲမှု ဖြစ်ပွားပြီး မိုးထက်ယံ မှာ ပေါက်ကွဲမှုကြောင့် သေဆုံးသွားခဲ့ပြီး မင်းထက်နိုင်(၉) နှစ်နှင့် မသော်သော်ချစ် (၁ နှစ် ၃ လ) တွင် စိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရ..

-ဇွန်လ ၉ ရက်နေ့ ၀၉၀၀ နာရီချိန်တွင် ကန့်ဘလူမြို့နယ်၊ ထန်းတပင်ကျေးရွာတွင် နေထိုင်သော ဦးချောဦး(၃၉) နှစ် သိုးခန်းကျေးရွာသို့ စပါးဝယ်ရန်သွဦးရောက်စဉ် သိုးဘိုနှင့် ဇီးကုန်းရွာကြားတွင် အကြမ်းဖက် PDF များထောင်ထားသော လက်လုပ်မိုင်း ၁ လုံးအား နင်းမိပေါက်ကွဲခဲ့သောကြောင့် မိုင်းစထိမှန်(စိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရှိရ..

-ဇွန်လ ၉ ရက်နေ့ ၁၅၃၀ နာရီချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၃) ရပ်ကွက်တွင် နေထိုင်သော ရတီစိန်(၂၄) နှစ်သည် မီးသွေးကန်ဘက်မှ ပခုက္ကူမြို့တွင်းသို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် ရထားလမ်းဆုံအရောက်၌ အကြမ်းဖက် PDF များထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲခဲ့ပြီး ရတီစိန်မှာ မိုင်းစ ထိမှန်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်းသိရှိရ..