NCA လက်မှတ်ရေးထိုးထားတဲ့ (၇)ဖွဲ့၏ ၃ ရက်ကြာဆွေးနွေးပွဲ

ချင်းမိုင်မှာ ၂၀၂၄ မတ် ၁၇-၁၉ ရက်ထိ၊ ဆွေးနွေးနေတဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ (၇)ဖွဲ့၏ ဆွေးနွေးပွဲဟာ စိတ်ဝင်စားစရာကောင်းပါတယ်

၁။ပြင်ဆင်ရေးအလုပ်အဖွဲ့က မိမိတို့ (၇)ဖွဲ့ရဲ့ စုဖွဲ့မှုပုံစံအသစ်အတွက် ပြင်ဆင်ထားတဲ့ နိုင်ငံရေးဆိုင်ရာ အဆိုပြုချက်များ (မူကြမ်း)

၂။စုဖွဲ့မှုအသစ်ရဲ့ ဖွဲ့စည်းပုံစည်းမျဉ်း (မူကြမ်း) ကို အတည်ပြုနိုင်ပါက စုဖွဲ့မှုအသစ်ကို ဖွဲ့စည်းသွားရန်။

၃။လက်ရှိနိုင်ငံရေးအခြေအနေသုံးသပ်ခြင်းနှင့်အခြားအရေးပါတဲ့ အကြောင်းအရာတွေကိုလည်း ဆွေးနွေးသွားရန်။

၄။စုဖွဲ့မှုအသစ်ကို ဖွဲ့စည်းပြီးပါက ပြဋ္ဌာန်းထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း သေချာစွာလိုက်နာလုပ်ဆောင်ကြရန်။

၅။ နိုင်ငံရေး၊ စစ်ရေး အခြေအနေများက နေ့စဉ်နဲ့အမျှပြောင်းလဲနေပြီး မိမိတို့ (၇)ဖွဲ့ထဲက တချိုအဖွဲ့ဆိုရင် တိုက်ပွဲဝင်နေတာ တွေရှိခဲ့ပါတယ်။ ဒီအချက်တွေက လက်ရှိအခြေအနေကို မီးမောင်းထိုးပြတာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေတွေဟာ ထိလွယ်ရှလွယ်တဲ့ အနေအထားမှာ ရှိနေပါတယ်။

၆။ယနေ့ကာလမှာ နိုင်ငံရေးဘောင်ကျဉ်းပြီး စစ်ရေးဘောင်ကျယ်တဲ့ အနေအထားမှာ ရှိနေပါတယ်။ မိမိတို့ (၇)ဖွဲ့အနေနဲ့ EAO (၁၂)ဖွဲ့ လက်ခံထားတဲ့ ဖက်ဒရယ်မူကို စွဲကိုင်ပြီး ရှေ့ခရီးကို ဆက်လက်ချီတက်မှာ ဖြစ်ပါတယ်။

၇။မိမိတို (၇)ဖွဲ့ရဲ့ ထိန်းချုပ်တဲ့ နယ်မြေဒေသအသီးသီးတွေမှာ မိမိတိုကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရဲ့ အုပ်ချုပ်ရေးစနစ်နဲ့ စတင်အုပ်ချုပ်သွားရမှာ ဖြစ်ပါတယ်။ မိမိတို ဒေသတွေမှာ ရှိနေကြတဲ့ လူထုတွေအတွက် အုပ်ချုပ်ရေး၊ လုံခြုံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး အပါအဝင် အခြားဝန်ဆောင်မှုလုပ်ငန်းတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တဆင့်ပြီးတဆင့် တည်ဆောက်သွားရမှာ ဖြစ်ပါတယ်။ တဖက်တွင်လည်း မိမိတို့ (၇)ဖွဲ့ကြားမှာ တူတာတွဲလုပ်၊ မတူတာ ခွဲလုပ် ဆိုတဲ့မူအတိုင်း ဆောင်ရွက်သွားဖို့ လိုအပ်ဟု ပြောကြားခဲ့တယ်လို့သိရပါတယ်။

ဆွေးနွေးပွဲကတော့ မတ်လ ၁၉ ရက်နေ့မှာပြီးဆုံးမှာဖြစ်ပါတယ်။ #Crd