ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မှုခင်းသတင်းများ

-ဖေဖော်ဝါရီလ ၁၃ ရက် ၁၁၃၀ နာရီတွင် တန့်ယန်းမြို့၊ရပ်ကွက်(၄)၊ မြို့မဈေးအတွင်းရှိ “သစ္စာ”ရွှေဆိုင်၌ ပိုင်ရှင် ဦးစိုင်းကျော်ကျော်ဦး(၄၇)နှစ်၊ အမှတ်(၁၃)၊ အုပ်စု(၉)၊ ရပ်ကွက်(၄)၊ တန့်ယန်းမြို့နေသူသည် ရွှေထည်ပစ္စည်းများ ရောင်းချနေစဉ် ဆိုင်အတွင်းသို့ အကြမ်းဖက်သမား ၁ ဦးသည် ပစ္စတိုအား ကိုင်ဆောင်ကာ ဝင်ရောက်လာပြီး မှန်ကောင်တာအတွင်းမှ ရွှေထည်ပစ္စည်းမျိုးစုံ ၂၀ ကျပ်သား ကာလတန်ဖိုး ငွေကျပ် ၇၆၀ သိန်းခန့်အား ယူဆောင်၍ ဆိုင်ပိုင်ရှင်ဖြစ်သူ ဦးစိုင်းကျော်ကျော်ဦးအား သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးခဲ့။

-ဖေဖော်ဝါရီလ ၁၃ ရက် ၀၉၄၅ နာရီတွင် မြိုင်မြို့နယ်၊ သရက်ကန်ကျေးရွာနေ ဦးစိုးနိုင်အောင်၊ ဦးခင်မောင်ချို၊ ဦးငြိမ်းမောင်၊ ဦးကြည်တင်၊ ဦးခင်မောင်ဌေး၊ ဦးတင်လယ်နှင့် ဦးနေမျိုးအောင်သည် တောင်ယာသွားရန် နေအိမ်အသီးသီးမှ စုပေါင်း၍ ထွက်ခွာလာခဲ့ရာ ကျေးရွာ၏ တောင်ဘက် မီတာ ၄၀၀ ခန့်အကွာသို့ ရောက်ရှိစဉ် PDF အကြမ်းဖက်အဖွဲ့မှ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဦးစိုးနိုင်အောင်(၃၀)နှစ်တွင် လည်ပင်း၊ ယာခါး/ခြေထောက်ကျည်ဖောက်ဝင်ဒဏ်ရာ(သေဆုံး)၊ ဦးကြည်တင်(၆ဝ)နှစ်တွင် ယာပေါင်ကျည် ဖောက်ဝင်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် ဦးခင်မောင်ချို(၄ဝ)နှစ်၊ ဦးတင်လယ်(၆၃)နှစ်၊ ဦးငြိမ်းမောင်(၆ဝ)နှစ်၊ ဦးနေမျိုးအောင်(၂၅)နှစ်၊ ဦးခင်မောင်ဌေး(၃၅)နှစ်တို့သည် ဖမ်းဆီးခံခဲ့ရကြောင်းနှင့် သေဆုံးသူ ဦးစိုးနိုင်အောင်၏ ရုပ်အလောင်းအား ကျေးရွာ၏ အနောက်တောင်ဘက်မီတာ ၂၀၀ ခန့်အကွာတွင် မီးသင်္ဂြိုလ် နေစဉ် PDF အကြမ်းဖက်အဖွဲ့မှ လက်နက်ငယ်များဖြင့် ထပ်မံလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဖြစ်စဉ်တွင် ဦးသန့်ဇင်ကို(၁၉)နှစ်တွင် ဝဲလက်မောင်း/လက်ကောက်ဝတ်ကျည်ဖောက်ဝင်ဒဏ်ရာ (မစိုးရိမ်ရ)၊ ဦးနိုင်လင်း(၃၅)နှစ်တွင် ဝဲတင်ပါးကျည်ရှပ်ထိဒဏ်ရာ(မစိုးရိမ်ရ)တို့ရရှိခဲ့ပြီး ဦးစံလှိုင်(၄၅)နှစ်၏ နေအိမ်နှင့် ဦးမင်းခိုင်(၄၅)နှစ်၏ နေအိမ်တို့အား မီးရှို့ဖျက်ဆီးခံခဲ့ရ။

-ဖေဖော်ဝါရီလ ၁၃ ရက် ၁၂၅၀ နာရီတွင် ရေစကြိုမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ မြို့နယ်ထွေ/အုပ်ရုံးအား ၄၀ မမ/လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ ၄၀ မမ ဗုံးသီး ၁ လုံးသည် ကျရောက်ပေါက်ကွဲခဲ့ပြီး နိုင်ငံသား စိစစ်ရေးကတ်လာရောက်ပြုလုပ်သော ဒေါ်တင်တင်ဝင်း(၆၂)နှစ်၊ အမှတ်(၇)ငါးရာပြည့်ရပ်ကွက်၊ ရေစကြိုမြို့ တွင် ဝဲလက်ပြင် ဗုံးစထိမှန်ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)နှင့် မရည်မွန်ထွန်း(၂၀)နှစ်၊ ပေကုန်းကျေးရွာ၊ ရေစကြို မြို့နယ်တွင် ဝဲပေါင်/ခြေသလုံး/ခြေဖဝါး ဗုံးစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)တို့ရရှိခဲ့။

-ဖေဖော်ဝ်ရီလ ၁၃ ရက် ၁၄၀၀ နာရီတွင် ကျောက်ဆည်မြို့နယ်၊ ရွာပုလဲကျေးရွာတွင်နေထိုင်သော ဦးသန်းဌေးနှင့် ဦးဝင်းကို တို့ ၂ ဦး သည် ဆိုင်ကယ် ၁ စီးဖြင့် အုတ်ဖိုကျေးရွာမှ ပြန်လာစဉ် ရွာပုလဲကျေးရွာအဝင်လမ်းသို့ အရောက်၌ အကြမ်းဖက်သမား ကျား ၄ ဦးမှာ ဆိုင်ကယ် ၂ စီးဖြင့် နောက်မှလိုက်ပါလာပြီး ပစ္စတိုဖြင့် လိုက်လံပစ်ခတ်ခဲ့သဖြင့်  ဦးဝင်းကို(၅၃)နှစ်တွင် ​နောက်​စေ့​၊ ဝဲတင်ပါး၊ ယာခြေတံ​ကောက်​ကွေးကျည်ဖောက်ဝင်ဒဏ်ရာတို့ဖြင့် သေဆုံးခဲ့။

-ဖေဖော်ဝါရီလ၁၃ ရက် ၀၉၃၀ နာရီတွင် ဆင်ပေါင်ဝဲမြို့နယ်၊ အမှတ်(၁)ရပ်ကွက်တွင် နေထိုင်သူ မြို့နယ်တရားသူကြီး ဦးထွန်းထွန်းနိုင်(၃၆)နှစ်သည် နတ်မောက်မြို့နယ်၊ ကမ်းပြိုကျေးရွာရှိ ၎င်း၏ မိဘနေအိမ်သို့ အလည်ရောက်ရှိနေစဉ် အကြမ်းဖက်သမား ကျား ၅ ဦးမှာ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးထွန်းထွန်းနိုင်တွင် ဦးခေါင်း၊ ဝဲပေါင်၊ ယာခြေသလုံး၊ နောက်ကျော ကျည်ဖောက် ဝင်ဒဏ်ရာတို့ဖြင့် သေဆုံးခဲ့။

-ဖေဖော်ဝါရီလ ၁၃ ရက် ၁၈၄၅ နာရီတွင် နတ်တလင်းမြို့နယ်၊ ချင်းကုန်းကံကျေးရွာတွင် နေထိုင်သော ဦးသိန်းမင်းထိုက်(ခ)ဦးမင်းမင်း (၄၃)နှစ်သည် နတ်တလင်းမြို့နယ်၊ ပွဲသာကျေးရွာတွင်နေထိုင်သော ဦးညွန့်ဝေ၏ သမီးဖြစ်သူ မင်္ဂလာဆောင်သို့ သွားရောက်ပြီးနောက် ချင်းကုန်းကံကျေးရွာသို့ ဆိုင်ကယ်ဖြင့် ပြန်လည်ထွက်ခွာခဲ့ရာ ပွဲသာကျေးရွာနှင့် ချင်းကုန်းကံကျေးရွာအကြားရှိ ဆိုင်ကယ်ပြင်ဆိုင်သို့ ရောက်ရှိစဉ် PDF အကြမ်းဖက်အဖွဲ့ဝင် ၃ ဦးမှ ရောက်ရှိ လာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဦးသိန်းမင်းထိုက်(ခ)ဦးမင်းမင်း၌ နဖူးမှ နောက်စေ့ကျည်ဖောက်ဝင် ဒဏ်ရာဖြင့် ဖြစ်စဉ်နေရာ၌ သေဆုံးခဲ့။

-ဖေဖော်ဝါရီလ ၁၃ ရက် ၀၈၀၅ နာရီတွင် ကျိုင်းတုံမြို့နယ်၊ နောင်နွန်းလားဟူကျေးရွာတွင် နေထိုင်သော ဦးအားမို(၅၀)နှစ်သည် အိမ်သစ်တက်ပွဲ၌ ရရှိခဲ့သော လက်ဆောင်ဆောင်းဘောက်အား ဦးအားမို၏ သားဖြစ်သူ မောင်နီးဆာ(၁၆)နှစ်မှ အားသွင်းရန် မီးခလုတ်ဖွင့်စဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ မောင်နီးဆာတွင် ဝဲနဖူး၊ ငယ်ထိပ်၊ ရင်အုံပေါက်ပြဲ၊ ယာဘက်လက်မပြတ်ရှ၊ ဝဲ/ယာခြေသလုံးစုတ်ပြဲဒဏ်ရာ(မစိုးရိမ်ရ)များရရှိခဲ့။