ကလေးတက္ကသိုလ်က ဆရာ/ဆရာမ၊ ကျောင်းသား/သူ ၂၈၅ ဦးအား အကြမ်းဖက် PDF များလက်မှ အချိန်မီကယ်တင်နိုင်ခဲ့

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ကလေးတက္ကသိုလ်အတွင်းရှိ ဆရာ၊ ဆရာမ၊ ကျောင်းသား/ကျောင်းသူ ၂၈၅ ဦးအား အကြမ်းဖက်သမား PDF များလက်မှ အချိန်မီကယ်တင်နိုင်ခဲ့ပြီး ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် မိဘထိန်းသူများထံ စနစ်တကျ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရပါတယ်။
အဆိုပါကယ်တင်ခဲ့တဲ့ ဆရာ/ဆရာမ၊ ကျောင်းသား ကျောင်းသူများအား ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး) အောင်ဆန်းခန်းမသို့ ပြန်လည်ခေါ်ဆောင်ခဲ့ပြီး ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အောင်နိုင်ဦး၊ ကလေးခရိုင် စီမံအုပ်ချုပ်ရေးဥက္ကဌ၊ ခရိုင်ရဲတပ်ဖွဲမှူးနှင့် တာဝန်ရှိသူများမှ အားပေးစကားပြော ကြားခဲ့ကြောင်းလည်းသိရပါတယ်။

ကယ်တင်နိုင်ခဲ့သည့် ဆရာ/ဆရာမ များရဲ့ပြောကြားချက်အရ အကြမ်းဖက်သမားများ၏ဖမ်းဆီးခံထားရဆဲ ဆရာ/ဆရာမ ၃၃ ဦး၊ ဝန်ထမ်း ၂၅ ဦး၊ ကျောင်းသူ ၃၇ ဦး၊ နေ့စား ၁ ဦး၊ ဆရာ/ဆရာမ ဝန်ထမ်းမိသားစုဝင် ၃၄ ဦး စုစုပေါင်း ၁၃၀ ဦး ဖြစ်ကြောင်းသိရှိရပါတယ်။