ထိုင်း- မြန်မာ ကုန်သွယ်မှုတွင် လိုင်စင်အသစ်ပြောင်းလဲ လျှောက်ထားသူများအတွက် အခမဲ့ကင်းလွှတ်ခွင့်ပြုမည်

မြန်မာ – ထိုင်းနယ်စပ် ပို့ကုန်၊သွင်းကုန်ဆောင်ရွက်သူများထဲမှ လမ်းကြောင်းပြောင်းလဲဆောင်ရွက်မည့်သူများ၏ လိုင်စင်သစ်လျှောက်ထားမှုများအတွက် ပေးသွင်းရမည့် သတ်မှတ်အခကြေးငွေများကို ကင်းလွတ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ကုန်သွယ်ရေး ဦးစီးဌာနက ထုတ်ပြန်ထားသည်။

မြဝတီလမ်းပိုင်းအချို့ ပျက်စီးမှုကို ပြန်လည်ပြင်ဆင်နေသည့်ကာလအတွင်း တင်ပို့၊ တင်သွင်းမှုတွေကို အခြားကုန်သွယ်ရေးစခန်းများနှင့် ပင်လယ်ရေကြောင်းက ပြောင်းလဲဆောင်ရွက်ရမည့် လုပ်ငန်းစဉ် မူကြမ်းကို စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနက ထုတ်ပြန်ကြေညာထားပြီးလည်း ဖြစ်သည်။