ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးလေးလမ်းခွဲမှာ တပ်ဖွဲ့ဝင် ၅ ဦးသေပြီး ၂ ဦးဒဏ်ရာရတယ်လို့ DVB မှ သတင်းအမှားရေး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးလေးလမ်းခွဲကို နယ်မြေ ကျူးကျော်ဝင်ရောက်လာတဲ့ တပ်မတော်နဲ့ KNLA PDF ပူးပေါင်း အဖွဲ့တို့ အောက်တိုဘာ ၁၃ ရက်က ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး တပ်မတေ်ဘက်က ၅ ယောက်သေဆုံး၊ ၂ ယောက် ဒဏ်ရာရတယ်လို့ DVB မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။ဖြစ်စဉ်အမှန်မှာ အောက်တိုဘာလ ၁၃ ရက်နေ့ ၌ မွန်ပြည်နယ်၊ ကျိုက်ထိုနယ်၊ ကျိုက်ထီးရိုးလေးလမ်းခွဲတွင် တပ်များနှင့် KNLA/PDF များတိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်ဖွဲ့ဝင် ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရသိရှိခဲ့ရပါတယ်။ DVB မှ KNU/PDF ကို လူအထင်ကြီးအောင်ပုံကြီးချဲ့ကာ ၁ ဦးဒဏ်ရာရတာကိုတပ်ဖွဲ့ဝင်၅ ဦး သေပြီး ၂ ဦးဒဏ်ရာရတယ်လို့ ရေးသားထားခြင်းသာဖြစ်ပါသည်။