အင်းစိန်မြိုနယ်ရှိ အင်းစိန်ဗဟိုအကျဉ်းထောင်အား ၆၀ မမ စိန်ပြောင်းဖြင့် ပစ်ခတ်ခဲ့သည့်တရားခံများ ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ သတ်ဖြတ်ခြင်းတို့ ဆောင်ရွက်နိုင်မှုမရှိစေရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ်ဖမ်းဆီးခြင်းများ ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်မှုအား မလိုလားသောပြည်သူများ၏ သတင်းပေးမှုများကြောင့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်တွင် အင်းစိန်ဗဟိုအကျဉ်းထောင်အား ၆၀ မမ စိန်ပြောင်းဖြင့် ပစ်ခတ်ခဲ့သည့် Special Operation Force-SOF အမည်ခံအကြမ်းဖက်အဖွဲ့မှ ထွန်းထွန်းဟန်(ခ)ဝသုန်အား KIA အဖွဲ့ထုတ် ၆၀ မမ စိန်ပြောင်း ၁ လက်နှင့်အတူ ဩဂုတ်လ ၂၃ ရက်တွင် မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ မြို့ရှောင်လမ်း၊ ဘိုကလိုလမ်းသွယ်ရှိ STAR FAMILY တည်းခိုခန်း၌ ဖမ်းဆီးရမိခဲ့ပါသည်။

  • ထိုသို့ပစ်ခတ်ခဲ့သောကြောင့် ဖမ်းဆီးရန်ကျန် သန်လျင်မြို့နယ်၊ NLD ပါတီ လူငယ်တာဝန်ခံ တရားခံပြေး ဝင်းကို(ခ)စံရှားမှ တစ်ဦးလျှင် ငွေကျပ် ၂ သိန်းအား K Pay မှတစ်ဆင့် လွှဲပြောင်းပေးခဲ့။
  • SOF အမည်ခံအကြမ်းဖက်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖောက်ခွဲတိုက်ခိုက်မှု ၂ ကြိမ် ကျူးလွန်ခဲ့။