အကြမ်းဖက်သမားများအား ပြစ်ဒဏ်ချမှတ်

ရန်ကုန်တိုင်း၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊
(၁၉)ရပ်ကွက်၊ ဦးရာဇတ်လမ်းတွင် နေထိုင်ပြီး
တရားမဝင်အကြမ်းဖက်အဖွဲအစည်းများဖြစ် သည့်
CRPH၊ NUG၊ PDF အဖွဲ့များအတွက်
အလှူငွေ
ကောက်ခံခြင်း၊ လွှဲပြောင်းပေးခြင်းများ ဆောင်ရွက်
ပေးခဲ့သူ တရားခံ

  • မျိုးသန္တာထွန်း အား ထောင်ဒဏ်တစ်သက်
    ချမှတ်ခဲ့ကြောင်း။
    လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်တွင်နေထိုင်၍
    လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် အများပြည်သူများ
    ထိတ်လန့်ကြောက်ရွံစေရန် ရည်ရွယ်ရေးသားခဲ့သူ တရားခံ
  • ဇော်လွင်ဖြိုးနှင့်
  • ဇင်ထက်အောင်
    တို့ ၂ ဦးအား ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ကြောင်း။
    လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင်နေထိုင်၍
    ကရင်ပြည်နယ် တောတွင်းတစ်နေရာတွင်
    အကြမ်းဖက်စစ်သင်တန်းတက်ရောက်ခဲ့သူ တရားခံ
  • နေသူရ(ခ)ကျော်ကို

အား ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့ကြောင်း။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင်နေထိုင်၍
တရားမဝင်အကြမ်းဖက်အဖွဲ့အစည်းများနှင့်
ဆက်သွယ်ကာ အကြမ်းဖက်သမားများအတွက်
ဆေးဝါးနှင့်ပတ်တီးလိပ်များအား မော်တော်ယာဉ်ဖြင့်
ပို့ဆောင်ပေးခဲ့သူ တရားခံ

  • ကျော်မောင်(ခ)နွေဦးမောင်အား
    ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့ကြောင်း။
    ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊
    (၁၇)ရပ်ကွက်၊ ဗန္ဓုလ အိမ်ရာရှိ နေအိမ်တွင်
    အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်ရန် ရည်ရွယ်၍
    ပစ္စတို ၁ လက်၊ ကျည်ကတ် ၂ ခု၊ ကျည် ၁၉ တောင့်
    တို့အား သိမ်းဆည်းထားခဲ့သူ တရားခံ
  • ထက်လွင်ဦး(ခ)အတာအား
    ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့ကြောင်း။
    ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင်နေ ထိုင်၍

ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား ဓာတ်ဆီပုလင်းဖြင့်
ပစ်ပေါက်ခြင်း၊ အမှတ်(၅၆) ရပ်ကွက်ရှိ စာသင်ကျောင်းအား
လက်လုပ်ချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲ ဖျက်ဆီးခြင်းများအပါဝင်
အကြမ်းဖက်ဖောက်ခွဲမှုများအား အကြိမ်ကြိမ် ကျူးလွန်ခဲ့သည့်
တရားခံများဖြစ်သော

  • သန်းဇော်၊
  • မိုးဝေ၊
  • လွင်မိုး၊
  • မခိုင်၊
  • ကောင်းမြတ်တို့
    တရားခံ ၅ ဦးအား ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့ကြောင်း။
    ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်တွင်နေထိုင်၍
    အကြမ်းဖက် ဖောက်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ရန်
    လက်လုပ်ဗုံး ၄ လုံးနှင့် ဆက်စပ်ပစ္စည်းများ သယ်ယူပို့
    ဆောင်ပေးခဲ့သူ တရားခံ
  • ကြည်စိုးလင်း (ခ)ဆံရှည်အား
    ထောင်ဒဏ် တစ်သက်ချမှတ်ခဲ့တယ်လို့ သိရှိရပါတယ်…