နိုဝင်ဘာ ၂၇ ရက်နေ့ တိုက်ပွဲသတင်းများ

♦♦ကယားပြည်နယ် ပန်တိန်းမှ ဖားဆောင်းသို့ လုံခြုံရေးတပ်ဖွဲ့များ နယ်မြေရှင်းလင်းချီတက်စဉ် စံပြတဲစုအနီးသို့အရောက် KNPP+PDF ပူးပေါင်း ၅၅ ဦးခန့်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး KNPP+PDF ၂ လောင်း၊ အေကေ(၄၇) ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၂၀ တောင့် သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရ။

♦♦ကယားပြည်နယ် လွိုင်ကော်မြို့ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် လွိုင်ကော်အကျဉ်းထောင် များသို့ နေရာ ၃ နေရာမှ KNPP/KNDF+PDF များမှ အင်အား ၆၀ ဦးခန့်ဖြင့် ၁ ကြိမ်၊ ၉၀ ဦးခန့်ဖြင့် လာရောက်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ရာ KNPP/KNDF+PDF များ ဆုတ်ခွာထွက်ပြေးခဲ့ကြောင်း သိရှိရ။

♦♦ချင်းပြည်နယ် ထန်တလန်မြို့၊ အော်တိုကုန်းနှင့် ကာကင်းကုန်းသို့ CDF ၅၀ ဦးခန့်က ဒရုန်း ၁ စီးဖြင့် Bomb ၁ လုံးဖြုတ်ချတိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ရာ CDFအလောင်း ၁ လောင်း၊ အေကေကျည်အိမ် ၁ ခု၊ ကျည် ၁၃၉ တောင့် သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရ။

♦♦ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ ထရွန်အိုင်နှင့် နှုံးဘူး စခန်းများသို့ AA သောင်းကျန်းသူ ၁၀၀ ဦးခန့်က Drop Bomb များ၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် မိမိဘက်မှ လေကြောင်းပစ်ကူရယူ၍ ပြန်လည်တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး AA သောင်းကျန်းသူများ အထိအခိုက်အကျအဆုံးများစွာဖြင့် အလောင်းများဆွဲယူကာ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရှိရ။

♦♦ချင်းပြည်နယ် ဟားခါးမြို့ ဝန်ကြီးများအိမ်ရာ၊ ကျောဘုတ်စစ်ဆေးရေးဂိတ်နှင့် (၆) မိုင်လမ်းဆုံ နေရာများသို့ ချင်း PDF များက အင်အား ၂၀ ဦးခန့်စီဖြင့် လာရောက် နှောင့်ယှက်ပစ်ခတ်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရှိရ။

♦♦စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် အင်ကြင်းတောင်ကျေးရွာ ပြည်သူ့စစ်စခန်းသို့ PDF ၇၀ ဦးခန့်က လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ရာ ရန်သူထံမှ ပြောက်ကျားကျောပိုးအိတ် ၁ လုံး၊ ပြောက်ကျားကျည်ကာအင်္ကျီ ၁ ထည်၊ အေကေကျည်အိမ် ၁ ခု၊ ကျည် ၃၅ တောင့်၊ လမ်းလျှောက်စကားပြောစက် ၁ လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရ။

♦♦စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် ကန်ဒေါင့်ရဲကင်းစခန်းသို့ PDF ၂၀၀ ဦးခန့်မှ လာရောက်ပစ်ခတ်သဖြင့် မိမိဘက်မှ လေကြောင်းပစ်ကူရယူ၍ ပြန်လည်ပစ်ခတ်ခဲ့ရာ ရန်သူ အထိအခိုက်အကျအဆုံးများစွာဖြင့် အလောင်းများဆွဲယူကာ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရှိရ။