နိုဝင်ဘာလ ၂၈ ရက်နေ့မှုခင်းသတင်းများ

-နိုဝင်ဘာ ၂၇ ရက် ၀၃၅၀ နာရီတွင် မင်းလှမြို့နယ်၊ မီးလောင်ကုန်းကျေးရွာတွင်နေထိုင်သော ဦးမျိုးမင်းထွန်း(၃၉)နှစ်သည် နေအိမ်၌ ရှိနေစဉ် အကြမ်းဖက်သမား ၄ ဦးမှ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ၂ ချက် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးမျိုးမင်းထွန်းတွင် ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ။

-နိုဝင်ဘာ ၂၇ ရက် ၀၄၁၀ နာရီတွင် မင်းလှမြို့နယ်၊ ကဒေါင်းစောက်ကျေးရွာတွင် နေထိုင်သော ဦးအောင်ထွန်း (၆၅)နှစ်နှင့် ဦးအေးသောင်း(၅၇)နှစ်တို့ ၂ ဦးသည် ၎င်းတို့၏ နေအိမ်အသီးသီး၌ရှိနေစဉ် အကြမ်းဖက်သမား pdf ၅ ဦးမှ ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ၅ ချက်ခန့် ပစ်ခတ် ထွက်ပြေးသွားခဲ့ရာ ဦးအောင်ထွန်းတွင် ဝမ်းဗိုက်ကျည်ဖောက်ဝင်ဒဏ်ရာ၊ ဦးအေးသောင်းတွင် ယာပုခုံး၊ လည်ပင်း ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ။

-နိုဝင်ဘာ ၂၇ ရက် ၁၃၀၀ နာရီတွင် မင်းလှမြို့နယ်၊ ကံ(လယ်)ကျေးရွာတွင် နေထိုင်သော ဦးသိန်းကြည်(၆၀)နှစ်သည် နေအိမ်တွင် ရှိနေစဉ် အကြမ်းဖက်သမား ၄ ဦးမှ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး ဖမ်းဆီးခေါ်ဆောင်၍  ရွာလယ်လမ်းမပေါ်အရောက်တွင် သေနတ်ဖြင့် ၁ ချက် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးသိန်းကြည်တွင် ရင်အုံ ကျည်ဖောက်ထွက်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ။

-နိုဝင်ဘာ ၂၇ ရက် ၁၃၅၀ နာရီတွင် မင်းလှမြို့နယ်၊ ပေတောကုန်းကျေးရွာတွင် နေထိုင်သော ဦးကျော်မိုး(၅၆)နှစ်သည် နေအိမ်၌ ရှိနေစဉ် အကြမ်းဖက်သမား ၆ ဦးမှ ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ၂ ချက် ပစ်ခတ် ထွက်ပြေးသွားခဲ့ရာ ဦးကျော်မိုးတွင် ဦးခေါင်းကျည်ဖောက်ဝင်ရာ ၂ ချက်ဖြင့် နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရှိရ။

-နိုဝင်ဘာ ၂၇ ရက် ၁၄၂၀ နာရီတွင် မင်းတုန်းမြို့နယ်၊ တောင်ယံကျေးရွာတွင် နေထိုင်သော ဦးဝင်းသန်း(၅၅)နှစ်သည် နေအိမ်၌ ရှိနေစဉ် အကြမ်းဖက်သမား ၆ ဦးမှ ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ၅ ချက် ပစ်ခတ်ထွက်ပြေး သွားခဲ့ရာ ဦးဝင်းသန်းတွင် နောက်စေ့၊ ရင်ညွန့်၊ လည်ပင်းအောက်၊ ဝဲလက်ဖျံ၊ ဝဲလက်ခုံ၊ ယာလက်ကောက်ဝတ် ကျည်ဖောက်ဝင်ဒဏ်ရာတို့ဖြင့် နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရှိရ။

-နိုဝင်ဘာ ၂၇ ရက် ၀၆၄၅ နာရီတွင် နတ်တလင်းမြို့နယ်၊ ဆီဆုံကုန်းကျေးရွာတွင် နေထိုင်သော ဦးလှမြင့်(၆၃)နှစ်သည် နေအိမ်၌ ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့မှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ။

-နိုဝင်ဘာ ၂၇ ရက် ၀၉၃၀ နာရီတွင် အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံရပ်ကွက်၊ ၁၉ လမ်း၊ ၈၆ x ၈၇ လမ်းကြားတွင် လက်လုပ်မိုင်း ၁ လုံး တွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ အရှည် ၅ လက်မ၊ လုံးပတ် ၂ လက်မခန့်ရှိ PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ် အသံမိုင်း ၁ လုံးအား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရ။

-နိုဝင်ဘာ ၂၇ ရက် ၀၆၃၀ နာရီတွင် ရွှေကျင်မြို့နယ်၊ ကျုံပင(ခ)ကျုံချောင်ကျေးရွာအနီး တောင်ငူ-မုပ္ပလင်ကားလမ်း၊ မိုင်တိုင်အမှတ်၊ ၁၁၀/၂ နှင့် ၁၁၀/၃ အကြားရှိ အလျား ၅၀ ပေ၊ အနံ ၁၈ ပေရှိ သံကူကွန်ကရစ်တံတားအား PDF အကြမ်းဖက်အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲဖျက်ဆီး၍ လိပ်ကုလားကျေးရွာဘက်သို့ ဆုတ်ခွာသွားခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် တံတားပေါ်၌ ၂ ပေခန့် အပေါက် ၃ ခုဖြစ်ပွားခဲ့ပြီး လက်ရန်းနှစ်ဖက်ပြိုကျပျက်စီးခဲ့ကြောင်း သိရှိရ။