အရာတော်မြို့နယ် ကျောက်ပြောက်ကျေးရွာတွင် သားအဖနှစ်ဦးကို PDF အကြမ်းဖက်သမားများက သတ်ဖြတ်ခဲ့

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ ကျောက်ပြောက်ကျေးရွာတွင် ဇန်နဝါရီလ ၈ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်အချိန်၌ PDF အကြမ်းဖက်သမားများက အဆိုပါကျေးရွာနေ သားအဖနှစ်ဦးကို သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်းသိရသည်။

PDF အကြမ်းဖက်သမား ၁၆ ဦး သည် ဆိုင်ကယ်များဖြင့် အဆိုပါကျေးရွာသိုရောက်လာပြီး ဦးကျော်မြင့် (၅၈) နှစ်နှင့် ၎င်း၏သားဖြစ်သူ ကိုသီဟသက်ဆွေ (၂၀) နှစ်တိုကို သေနတ်များဖြင့် ပစ်သတ် ပြီး ၎င်းတို၏ နေအိမ်ဘေးရှိ သွပ်မိုး၊ အုတ်ကာ စက်သုံးဆီဆိုင်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။