ကိုယ်ဝန်ဆောင် မိခင်တို့ ရှောင်ရန်အချက်များ

မေမေတို့အတွက် ကိုယ်ဝန်ဆောင်စဥ် ရှောင်ရမယ့် အချက်တွေကလဲ အလွန်အရေးကြီးပါတယ်နော်၊ ဆောင်သင့်တာဆောင် ရှောင်သင့်တာရှောင်မှ နောင်မွေးဖွားလာတဲ့အခါ ကျန်းမာသန်စွမ်း တဲ့ ရင်သွေးငယ်လေးပိုင်ဆိုင်နိုင်မှာပါနော်

  1. တာရှည်ခံ အစားစာ၊ အသင့်စား အစားစာတွေကို မစားပါနှင့်
    အသင့် အသားချောင်းနှင့် အစားစာ တွေဟာ ပစ္စည်းများ ကြာရှည်ခံအောင် တာရှည်ခံဆေးတွေထည့် ထားသည့်အတွက် ကိုယ်ဝန်ဆောင်ချိန်စားသုံးရန် မသင့်ပါ၊ ဒါ့အပြင် အစားစာမှတဆင့်ကူးစက်တတ်သော ရောဂါးပိုးလဲပါနေတတ်ပါတယ်၊ စားမယ်ဆိုရင်တော့ သေချာချက်ပြုတ်ပြီး မှ စားပါနော်။
  2. မကျက်သော အသား, ငါး များနှင့် ဥ များ ၊ အသားစိမ်း ငါးစိမ်း စားသုံးခြင်းမှ မပြုပါနှင့်
    မကျက်တဲ့ အစာစားတွေ စားသုံးရင် အဲ့အစာစားကတဆင့် ကူးစက်ရောဂါများဖြစ်စေနိုင်သလို အစားအဆိပ်စင့်စေနိုင်ပါတယ်၊ မိခင်ရော ကလေးပါ ထိခိုင်နိုင်လို့ ကိုယ်ဝန်ဆောငိချိန် သေချာကျက်အောင် ချက်ပြုတ်ပြီး မှ စားသင့်ပါတယ်။
    ပင်လယ်စာ မှာ မိခင်နှင့် ကလေးအတွက် လိုအပ်တဲ့ vitamin နဲ့ သတ္တုဓါတ်, omega 3, iron, Zinc တွေပါဝင်လို့ ( အကျက်ချက်ပြီး ) စားသုံးသင့်ပါတယ်။ အလွန်အကျွံစားသုံးခြင်းမပြုရန်
  3. Coffee အလွန် အကျွံ မသောက်ရ
    သာမာန် လူတစ်ဦး ကော်ဖီ အလွန်အကျွံသောက်ရင်တောင် နှလုံးခုန်းနှုန်း မြန်စေပါတယ်နော်၊ Caffeine ဓါတ် ဟာ အချင်းကနေ ဖြတ်သန်းသွားနိုင်ပြီး ရင်သွေးငယ်လေးရဲ့ နှလုံးခုန်းနှုန်းကို မြန်စေပါတယ်၊ တနေ့ကို coffee ၁ခွက် လောက်သောက် လို့ရပေမယ့် အလွန်အကျွံ မသောက်ရပါ။
  4. တိရစ္ဆာန်လေးများ၏ မစင်ကို ဆေးကြောခြင်းမပြုရ
    တိရစ္ဆာန်လေးများ ကို ပွေ့ချီနိုင်သောလဲ ချီးပြီးလျှင် လက်ကို ဆပ်ပြာ နှင့်စင်ကြယ်စွာဆေးကြောပေးရပါမယ်၊ မစင်များ ကိုတော့ ကိုယ်တိုင် ဆေးကြောခြင်းမပြုပါနဲ့နော်၊ မစင်တွေမှာ bacteria နှင့် ကပ်ပါး သန်းပေါင်းမျာစွာပါရှိနေတတ်လို့ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အန္တာရယ် ဖြစ်စေနိုင်ပါတယ်၊ အဲဒီပိုးတွေဟာ ကိုယ်ဝန်ဆောင်မိခင်တွေကို သားလျှောတာ၊ ကလေးအသေမွေးတာတွေ ဖြစ်စေနိုင်သလို သန္ဓေသားကို ထိခိုက်တာမျိုးလဲ ဖြစ်စေနိုင်ပါတယ်။
  5. ဆေးလိပ် /အရက် မသောက်သင့်ပါ ( ဖေဖေတို့လဲ မသောက်ကြပါနဲ့နော် ဆေးလိပ်အနံ့က လဲ ထိခိုက်စေပါတယ် )
    ဆေးလိပ်၊ အရက် ဟာ ရင်သွေးငယ်လေး ဖွံ့ဖြိုးမှုကို ထိခိုက်စေပါတယ်။ ကိုယ်ဝန်ဆောင်စဉ် အရက်သောက်ပါက fetal alcohol syndrome (FAS) ခံစားနေရသော ရင်သွေးများကို မွေးဖွားတတ်ပါတယ်။
    FAS ရောဂါလက္ခဏာများက
  • ကိုယ်အလေးချိန်နည်းခြင်း၊
  • သင်ကြားခံယူနိုင်မှုစွမ်းရည်ကျဆင်းနေတဲ့၊
  • အပြုအမူပုံမှန်မဟုတ်တဲ့၊ ကြီးထွား ဖွံ့ဖြိုးမှုပုံမှန်မဟုတ်တဲ့ ကလေးငယ်တွေ မွေးဖွားတတ်ပါတယ်။
    ကိုယ်ဝန်ဆောင်စဉ်မှာ အရက်ကို လုံးဝမသောက် သင့်တာ ဖြစ်ပါတယ်။ သန္ဓေသားကိုမထိခိုက်စေတဲ့ အရက်ပမာဏ မရှိလို့ လုံး၀(လုံး၀) မသောက်သင့်ပါ။