တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ အသားကင် စားသောက်ဆိုင်တွင် မီးဖိုချောင်သုံး ဓာတ်ငွေ့ ပေါက်ကွဲမှုကြောင့် လူ ၃၁ ဦး သေဆုံး

တရုတ်နိုင်ငံအနောက်မြောက်ပိုင်းရှိ အသားကင်စားသောက်ဆိုင်တွင် မီးဖိုချောင်သုံးဓာတ်ငွေ့ ပေါက်ကွဲမှုကြောင့် လူ ၃၁ ဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

ပေါက်ကွဲမှုကြောင့် လူအများအပြား သတိလစ်သွားခဲ့ပြီး ဆိုင်အတွင်းမှ သယ်ထုတ်ခဲ့ရကြောင်း ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးကို ကိုးကား၍ အွန်လိုင်းသတင်းဝက်ဘ်ဆိုက် The Paper က ဖော်ပြခဲ့သည်။ သေဆုံးသူများတွင် သက်ကြီးရွယ်အိုများနှင့် အထက်တန်းကျောင်းသူကျောင်းသားများ ပါဝင်ကြောင်း ၎င်းကဆိုသည်။

ပေါက်ကွဲမှုမဖြစ်ပွားမီ တစ်နာရီအလိုတွင် ဝန်ထမ်းများသည် ဟင်းချက်ဓာတ်ငွေ့နံ့ကို သတိပြုမိပြီး ဓာတ်ငွေ့တိုင်ကီအဆို့ရှင် ကျိုးသွားသည်ကို တွေ့ရှိခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရသည်။ ဝန်ထမ်းတစ်ဦးက အဆို့ရှင် အစားထိုးနေစဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

crd;mnp