မြင်းခြံမြို့ရှိ “နီနီလွင်”ရွှေဆိုင်ကို သေနတ်ပစ်ဖောက်၍ ဓားပြတိုက်ရာမှ ဆိုင်ရှင်ဖြစ်သူ သေဆုံး

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ အမှတ်(၇)ရပ်ကွက်ရှိ “နီနီလွင်”ရွှေဆိုင်ကို ဇွန်လ ၈ ရက်၊ နေ့လည်ပိုင်းက သေနတ်ပစ်ဖောက်၍ ဓားပြတိုက်ရာမှ ဆိုင်ရှင်ဖြစ်သူ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဇွန်လ ၈ ရက်၊ နေ့လည် ၁ နာရီ ၄၅ မိနစ်ခန့်က ဆိုင်ကယ်စီးလာသည့် အမည်မသိ အမျိုးသား (၄) ဦးသည် မြင်းခြံမြို့၊ အမှတ်(၇)ရပ်ကွက်၌ ဖွင့်လှစ်ထားသည့် “နီနီလွင်”ရွှေဆိုင်သို့ ရောက်ရှိလာခဲ့ပြီး ဓားပြတိုက်ရန် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။