အရာတော်မြို့နယ်တွင် ဒရုန်းဖြင့် တိုက်ခိုက်ခံရ၍ စစ်သား ၃ ဦး သေဆုံးတယ်ဆိုပြီး မြေလတ်အသံ မှ သတင်းအတုရေး

မေလ ၃ ရက်ညနေ ၃ နာရီခွဲမှာ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ရဲစခန်းမှာ တပ်စွဲထားတဲ့ လုံခြုံရေးအဖွဲ့ကို ဒရုန်းနဲ့ တိုက်ခိုက်လို့ ၃ ဦးသေဆုံးပြီး ၁၂ ဦး ထက်မနည်း ဒဏ်ရာရသွားတယ်လို့ မြေလတ်အသံ မှ လူမှုကွန်ရက်ပေါ်တွင် ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

သတင်းအား စိစစ်ရာတွင် >>> မေလ ၃ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ရဲစခန်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ ဒရုန်းဖြင့် တိုက်ခိုက်ခံရခြင်းမရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရှိရပါသည်။ မြေလတ်အသံ မှ လုံခြုံရေး တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မရှိဘဲ ၃ ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရတယ်ဆိုပြီး ထင်ယောင်ထင်မှားဖြစ်စေရန် လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။