ရှမ်းမြောက်တွင် တရားမဝင်ဖောက်ခွဲရေးသုံးပစ္စည်းများ ဖမ်းဆီးရမိ

၂၀၂၃ မေလ ၅ ရက်နေ့တွင် သီပေါမှနောင်ချို ဘက်သို့မောင်းနှင်လာသည့် ၁၂ ဘီးယာဉ်အား SPY PDF (လျှို့ဝှက်သတင်းပေး) ၏ သတင်းပေးပို့မှုအရ ရှမ်းမြောက်တာဝန်ရှိသူပူးပေါင်းအဖွဲ့မှ စစ်ဆေးစဉ် ယာဥ်နောက်ကိုယ်ထည်အတွင်း တရားမဝင် ဖောက်ခွဲရေးသုံးပစ္စည်းများထည့်ထားသည့် ဆာလာအိတ် ၂၈၀ လုံး သိမ်းဆည်းရမိခဲ့…
—ဆာလာအိတ် ၁ အိတ်လျှင် အရှည် ၁၀ ပေခန့်ရှိ ယမ်းကြိုးနှင့်တွဲလျက် ဒီတိုနေတာ ရိုးရိုး ၁၀ ခု ၁၀ ခွေပါ အထုပ် ၁၈ ထုပ် ဆာလာအိတ် ၁ အိတ်လျှင် ၁၈၀၀ ချောင်းစီပါ ၁၁၅ အိတ် စုစုပေါင်း ဒီတိုနေတာ ၂၀၇၀၀၀ ချောင်း
—ရောင်စုံလျှပ်စစ်ဒီတိုနေတာ အချောင်း ၂၀ ပါ အစည်း ၁၅၀ ပါ ဆာလာအိတ် ၁ အိတ်လျှင် ၃၀၀၀၀ ချောင်းစီပါ ၁၁၅ အိတ် စုစုပေါင်းလျှပ်စစ်ဒီတိုနေတာ ၃၄၅၀၀၀ ချောင်း
—ကြိုးတိုလျှပ်စစ်ဒီတိုနေတာ ၁ စည်းလျှင် ၂၀ ချောင်းစီပါ ၂၅ စည်းပါ ပေါင်း ၅၀၀ ချောင်း
—ဆာလာအိတ် ၁ အိတ်လျှင် ဂျပ်ဖာဗူး ၁၅ စီပါ ၁၉ အိတ် စုစုပေါင်းကြိုးတိုလျှပ်စစ်ဒီတိုနေတာ ၁၄၂၅၀၀ ချောင်း
—ကြိုးမဲ့ဒီတိုနေတာ ၁၁၅ ချောင်းပါ ပလပ်စတစ်ဗူးငယ် ၅၀ ဗူးစီပါ ဆာလာအိတ် ၁၉ အိတ် စုစုပေါင်း ကြိုးမဲ့ဒီတိုနေတာ ၁၀၉၂၅၀ ချောင်း သိမ်းဆည်းရမိခဲ့…
တရားမဝင် ဖောက်ခွဲရေးသုံးပစ္စည်းများဖြင့် မြို့/ရွာများတွင် အကြမ်းဖက်မိုင်းထောင်ဖောက်ခွဲ၍ ပြည်သူများအား ထိတ်လန့်ကြောက်ရွှံ့စေပြီး မြန်မာပြည်အနှံ့တွင် အခြားနိုင်ငံများမှ မတည်ငြိမ်မအေးချမ်းသည့်ပုံရိပ်ပေါ်စေရန် ပြုလုပ်လိုသည့်ပစ္စည်းများဖြစ်ကြောင်း သိရှိရ…
SPY PDF (လျှို့ဝှက်သတင်းပေးသူ) ကိုကျေးဇူးတင်မိပါတယ် သူပြောတာရိုးရှင်းပါတယ် မြန်မာပြည်ကအပြစ်မဲ့တိုင်းရင်းသားပြည်သူတွေကို အကြောင်းမဲ့ လုပ်မယ့်အစီအစဉ် လက်ခံလို့မရလို့ အလကားသက်သက် အသက်မဆုံးရှုံးစေချင်လို့ပါတဲ့…

crd;