လွိုင်လင်လေးမြို့နယ်တွင် လက်နက်ကြီးကျည် ထိမှန်ပြီး ကလေးငယ် နှစ်ဦးဒဏ်ရာရ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိင်လင်လေးမြို့နယ်၊ ကုန်းမှီရွာတွင် မေလ ၂၈ ရက် ၂၀၀၀ နာရီခန့်တွင် မိသားစု ၄ ဦး နေအိမ်အတွင်းရှိနေစဉ် အကြမ်းဖက် PDF တို့ပစ်ခတ်သောလက်နက်ကြီး တစ်လုံး ခြံအတွင်းကျရောက်ပေါက်ကွဲခဲ့သဖြင့် အသက် ၉ နှစ်အရွယ် မောင်ထွန်းလင်းမှာ ဦးခေါင်းနှင့်ရင်ဘတ်တိုတွင် ယမ်းစ ထိမှန်ဒဏ်ရာနှင့် အသက် ၇ နှစ် မောင်ဟန်ထွန်းမှာ ညာလက်ကောက်ဝတ် ယမ်းစထိမှန်ဒဏ် ရာ ရရှိခဲ့ကြောင်း သိရပါတယ်။