ဆီဆိုင်နှင့် ဟိုပုံးမှာ PNLA/KNDF များ သေဆုံးမှုများနေ

PNLA နှင့် ပဒေါင် KNDF အကြမ်းဖက်သမားများအား တပ်မတော်နှင့် PNO အဖွဲ့များပူးပေါင်း၍ စစ်ကြောင်းထိုးခြင်း၊ လေကြောင်းဖြင့် ချေမှုန်းခြင်း၊ အမြောက်ဖြင့် ချေမှုန်းခြင်းများအပါအဝင် Drone ဖြင့်ကင်းထောက်၍ တန်ပြန် Suicide Drone များဖြင့် ချေမှုန်းခြင်းတို့ကို လုပ်ဆောင်လျက်ရှိသည်။

PNLA/KNDF များ ထိခိုက်ကျဆုံးမှုများ နေ့စဉ်များပြားလျက်ရှိပြီး ခွန်သူရိန်ရဲ့ PNLA အဖွဲ့ဝင်အချို့ကလည်း ပဒေါင်သူပုန်များ၏ ပအိုဝ်းလူမျိုးများအပေါ် အနိုင်ကျင့်နှိပ်စက်ခြင်း၊ ရွာများအား မီးရှို့ခြင်း၊ ပစ္စည်းများ ခိုးယူခြင်းတို့ကြောင့် မကျေမနပ်ဖြစ်လာပြီး KNDF (ပဒေါင်) အကြမ်းဖက်သူပုန်များ စုဝေးရာ နေရာများကို မြေပုံညွှန်းအတိအကျဖြင့် PNO အမာခံများထံ သတင်းပေးပို့လျက်ရှိသည်။ ထိုသတင်း ပေးမှုကြောင့် KNDF အဖွဲ့များ ထိခိုက်ကျဆုံးမှုများပြားလာပြီး PNLA အပေါ် အပြန်အလှန်ပြစ်တင်၍ တင်းမာမှုများရှိလာကာ ကယားပြည်နယ်ထဲသို့ ပြန်လည်ဆုတ်ခွာရန် ၎င်းတို့ခေါင်းဆောင်များထံ ဆုတ်ခွာခွင့် တောင်းထားကြောင်း သိရသည်။

တိုက်ပွဲတွင် သေဆုံး/ဒဏ်ရာရသူများအား မြေမြှပ်ရန်နှင့် ဆေးဝါးကုသရန် ကျောက်ကချားရွာသို့ ကားများဖြင့် အလီလီသယ်ထုတ်လျက်ရှိရာ အမာခံများ၏ သတင်းပေးမှုကြောင့် လမ်းခရီးတွင် Drone ဖြင့် လည်းကောင်း၊ လေကြောင်းဖြင့် လည်း ကောင်း ချေမှုန်းခြင်းကို ခံနေကြရသည်။

ယနေ့မနက်တွင်လည်း ဆေးကုရန်သွားနေသော လူနာအပြည့်တင်ထားသည့် တုံဖုန်း(၆ ကျင်း)ကား ၁ စီး Suicide Drone မှန်၍ အသက်ရှင်ကျန်ရစ်သူမရှိသလောက်ဖြစ်သွားပြီး လုံခြုံရေးအဖြစ်လိုက်ပါသွားတဲ့ KNDF အဖွဲ့ ၂ ဖွဲ့ ဆက်သွယ်မှုပြတ်တောက်သွားကြောင်း သိရှိရပါသည်။

အလားတူ လိုက်ကန်ရွာအနီးတွင် စုဖွဲ့နေသော PNLA/KNDF အဖွဲ့များသည် အမြောက်ဖြင့် ချေမှုန်းခြင်း ခံရသဖြင့် ထိခိုက်မှုများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားကြကြောင်း၊ ကျောက်ကချားရွာနားရှိ PNLA/KNDF စခန်းများအား ပေါင် ၅၀၀ ဗုံး ၂ လုံး ထပ်မံလာကြဲချသွားသဖြင့် သေဆုံးသူ များပြားကြောင်း သိရသည်။

အကြမ်းဖက်သမားများအနေဖြင့် ဒေသခံပအိုဝ်းလူမျိုးများအား ၎င်းတို့ သေဆုံး/ဒဏ်ရာရသူများကို ဓာတ်ပုံရိုက်လျှင်ဖြစ်စေ၊ အရေအတွက်အား စာဖြင့်ဖြစ်စေ Online ပေါ်တွင် ပေါက်ကြားပါက တစ်ရွာလုံးကို မီးရှို့ သတ်ပစ်မည်ဟု ခြိမ်းခြောက်ထားသောကြောင့် ဒေသခံများ ထိတ်လန့်နေကြကြောင်း မိမိအမာခံ သတင်းပေးပြောကြားချက်အရ သိရှိရသည်။ #Crd