(၂၀၂၃ ခုနှစ်၊ မေလ ၉ ရက်နေ့ မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

လေဖိအားနည်းရပ်ဝန်းအခြေအနေ

ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင် လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိ နေပါသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ပိုမိုအား ကောင်းလာနိုင်ပြီး၊ နောက် (၁၈)နာရီအတွင်း မုန်တိုင်းငယ်(Depression)အဖြစ်သို့ လည်းကောင်း၊ (၁၀.၅.၂၀၂၃)ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းနှင့် ကပ္ပလီ ပင်လယ်ပြင်တို့တွင် ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အဖြစ်သို့ လည်းကောင်း ရောက်ရှိနိုင်သည်ဟုခန့်မှန်းရပါသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) သည် ကနဦးတွင် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး (၁၁.၅.၂၀၂၃)ရက် နေ့တွင် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းသို့ ရောက်ရှိကာ ထိုမှတဆင့် မြောက်-အရှေ့မြောက်ဘက်သို့ကွေ့ကာ ဘင်္ဂလားဒေ့ရှ်-မြန်မာကမ်းရိုးတန်းသို့ ရွေ့လျား နိုင်သည်ဟု ခန့်မှန်းရပါသည်။