သန်း ၃၂၀ တန် ကမ်းလှမ်းချက်ကို မက်ဆီသဘောတူ

ပီအက်စ်ဂျီတိုက်စစ်မှူး မက်ဆီဟာ ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းရဲ့တစ်နှစ်လုပ်ခ ပေါင် ၃၂၀ တန်ကမ်းလှမ်းချက်ကို လက်ခံဖို့ အကြိုသဘောတူညီထားတယ်လို့သိရပါတယ်။

မက်ဆီဟာ လက်ရှိအချိန်မှာ ပီအက်စ်ဂျီအသင်းရဲ့လက်ကျန်ပွဲစဉ်တွေကိုပဲအာရုံစိုက်ထားပြီး ရာသီအကုန်မှာ စာချုပ် သက်တမ်းကုန်ဆုံးမှာဖြစ်လို့ အသင်းပြောင်းရွှေ့ခွင့်ရရှိမှာပါ။

စပိန်သတင်းစာ အယ်လ်ချီရင်ဂီတိုကတော့ မက်ဆီဟာ အယ်လ်ဟီလာအသင်းဆီပြောင်းရွှေ့ဖို့ သဘောတူထားပြီး ဘာစီလိုနာအသင်းဖော်ဟောင်း ဘူးစကွက်စ်ဟာလည်း ၂နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ဖို့သဘောတူထားပြီးဖြစ်ကြောင်း ဖော်ပြပါတယ်။ 

ဒါ့အပြင် နောက်ခံလူ ယော်ဒီအယ်လ်ဘာဟာလည်း အယ်လ်ဟီလာအသင်းရဲ့ ကမ်းလှမ်းချက်ကို လက်ခံဖို့ရှိလို့ ဘာစီလိုနာကစားသမားဟောင်းသုံးဦးဟာ ဆော်ဒီကလပ်မှာ အတူတွဲဖက်ကစားခွင့်ရဖို့ရှိပါတယ်။

မက်ဆီဟာ ဆော်ဒီနိုင်ငံရဲ့ ခရီးသွားသံတမန်အဖြစ် တစ်နှစ်ကို ပေါင် ၂၅ သန်းရရှိနေပြီး ဆော်ဒီလိဂ်ဆီ အပြောင်းအရွှေမှာ အခက်အခဲမရှိနိုင်ဘူးလို့ စပိန်မီဒီယာတွေက သုံးသပ်ကြပါတယ်။