မြန်မာ့နိုင်ငံရေးကို ရည်ရွယ်ချက်ရှိရှိ ဝင်ရောက်စွတ်ဖက်နေသော အမေရိကန်၏ လုပ်ရပ်များအပေါ် ဆန့်ကျင်ရှုတ်ချကြောင်း လူထုဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်

မြန်မာ့နိုင်ငံရေးကို ရည်ရွယ်ချက်ရှိရှိ ဝင်ရောက်စွတ်ဖက်နေသော အမေရိကန်အစိုးရ၏ လုပ်ရပ်များအပေါ် ဆန့်ကျင်ရှုတ်ချကြောင်း လူထုဆန္ဒ
ထုတ်ဖော်ပွဲကို စက်တင်ဘာ ၃၀ ရက်တွင် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ပုဗ္ဗသီရိမြိိို့နယ် ဖြုတ်ခွဲကျေးရွာအုပ်စုနှင့်
ပတ်ဝန်းကျင်ရှိ ရွာသားများစုပေါင်း၍ ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ အခမ်းအနား၌ ဦးလှဆွေ (ဘူးလက်)နှင့် ဒေါ်ခိုင်ခိုင်ထွေးတိုမှ တက်ရောက်လာသော ပြည်သူများအား အသိပညာပေး
ဟောပြောခဲ့ပါတယ်။

ထိုအပြင် “မြန်မာနိုင်ငံ ပြည်တွင်းရေး အမေရိကန်စွက်ဖက်နှောက်ယှက်မှုများကို ဆန့်ကျင်ရှုတ်ချပါ”၊ “Burma Act 2021 အလိုမရှိ”၊
“ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့ ဝိုင်းဝန်းကြိုးပမ်းကြပါစို့” အစရှိသည့် ပိုစတာများကိုကိုင်ဆောင်ကာ ကျေးရွာနေဒေသခံပြည်သူ အင်အား
၁၀၀၀ ကျော်တို့မှ ဆန္ဒထုတ်ဖော် ပြသခဲ့တယ်လို့ သိရှိရပါတယ်။