ကမ္ဘာမြေရှားသတ္တုများ( Rare-Earth Elements)

အဲ့ဒါ ဘာအောက်မေ့တယ်ထင်လဲ?

တစ်ကမ္ဘာလုံးရှိနည်းပညာထုတ်လုပ်တဲ့ နိုင်ငံတိုင်းအလိုချင်းဆုံးပစ္စည်း မြေရှားသတ္ထုဆိုတာပါပဲဗျား
အဖိုးတန်ရတနာမြေတမျိုးပါပဲ
ဒါ မြေရှားသတ္ထုထုတ်လုပ်နေပုံတစ်ချို့ပါ
မိတ်ဆွေတို့ကိုင်နေတဲ့ ဖုန်းကစ၍ ကွန်ပျူတာ ဂြိုဟ်တုဒုံးပျံတွေအထိ အဲဒီရှားပါးမြေခေါ် မြေရှားသတ္ထုတွေ မဖြစ်မနေပါဝင်ရပါတယ် ဒီမြေရှားသတ္ထုဟာ အမျိုးအစားတွေတော့ များစွားရှိပါတယ်
ဒီပစ္စည်းတွေမရတော့ရင် ဖုန်းကစပြီးတစ်ကမ္ဘာလုံး
ဒုက္ခရောက်သွားနိုင်ပါတယ်
ဒါ့ကြောင့် ဒီသတ္ထုထွက်တဲ့နိုင်ငံကို နည်းပညာပစ္စည်းထုတ်နိုင်ငံတွေက
အမဲလိုက်သလိုလိုက်နေကြပါတယ်
ဒီလောက်အဖိုးတန်မြေရှားသတ္တွုတွေကို လွယ်လွယ်ကူကူထုတ်လုပ်ယူဆောင်နေတဲ့
အခုပြထားတဲ့ ဓာတ်ပုံတွေဟာ ဘယ်နိုင်ငံကလိုထင်လဲဗျ..
အဲဒါမြန်မာနိုင်ငံကပါပဲဗျာ
ကချင်ပြည်နယ် ပန်ဝါဒေသမှာ တရုတ်တွေ လာရောက်ထုတ်လုပ်နေပုံပါတဲ့ဗျာ တရားဝင်လား

တရားမဝင်ထုတ်လုပ်နေတာလားတော့ မသိပါဘူး
ကီလိုဂရမ်1000ပါတဲ့ အိတ်တစ်လုံးကို တရုတ်ယွမ်ငွေ 300000သုံးသိန်းကျော် ရောင်းရပါသတဲ့
ဒီပုံရိပ်တွေကို ကချင်ပြည်နယ်ဒေသခံတွေက သွားရောက်ရိုက်ကူးပြီး လိုင်းပေါ်ကို တင်ထားခြင်း
ဖြစ်ပါသည်ခင်မျာ။

တန်ဖိုးကို မသိတဲ့သူတွေအတွက်ကတော့ မြေကြီးပဲ…

တန်ဖိုးသိတဲ့ သူတွေအတွက်တော့ ရွှေထက်တန်ဖိုးရှိတဲ့ အရာပဲ…

တန်ဖိုးကို မသိတဲ့ နလပိန်းတုန်းတွေကြောင့် မြန်မာပြည်က အဖိုးတန်ပစ္စည်းတွေ နေ့စဉ်ရက်တိုင်း ဆုံးရှုံးနေရတာ…

တန်ဖိုးသိတဲ့ တန်ဖိုးရှိလူများဖြစ်ကြပါစေ…….