မြန်မာ့အနာဂတ်

မြန်မာနိုင်ငံရဲ့ အနာဂတ်လူငယ်တွေကို ပညာသင်ကြားမှုကို ဘာလိုတားဆီးချင်နေကြတာလဲ? မြန်မာတွေကိုအနာဂတ်ထွန်းတောက်မှာကိုဘာလိုကြောက်ကြတာလဲ? ရှင်းရှင်းလေးပဲ လူမျိုးအနေနဲ့ကြည့်ရင်မြန်မာဆိုတာ Sense ကောင်းတယ် ထက်မြတ်တယ် သိလွယ်တတ်လွယ်တယ် နေထိုင်နေတဲ့ ပထဝီမေအနေအထားကိုကြည့်ရင် အာရှရဲ့ ကျားအာရှရဲ့သယံဇာတအပေါဆုံးဆိုတော့ အနောက်အင်အားကြီးတွေနဲ့ အရှေ့အင်အားကြီးတွေက အောက်ခြေခိုင်တဲ့နိုင်ငံအတွက် လိုအပ်ချက်ဖြစ်တဲ့ လူ့စွမ်းအားအရင်းအမြစ်ကို ဖျက်ဆီးဖို့ အကွက်ကျကျ စီမံတယ်။
ပထမအဆင့်အနေနဲ့ “Hero-worship” သူရဲကောင်းကိုးကွယ်မှု(ပုဂ္ဂိုလ်စွဲ) ယုံကြည်မှုပြင်းထန်တဲ့ မြန်မာလူမျိုးတွေရဲ့ စိတ်နေစိတ်ထားကို စတင်ကိုင်တွယ်ဖျက်ဆီးတယ် (ဘယ်သူတွေဆိုတာကတော့သိမြင်ကြားကြပီးတဲ့ အတိုင်းပါပဲ) ပြီးတော့ ဒုတိယအဆင့် အနေနဲ့လူငယ်လေးတွေ ခင်ဗျားတိုပြောနေကြတဲ့ Gen-Z ဆိုတာကိုရလာဖို့အတွက် Virtual World တစ်ခုကို Game နဲ့ စတင်ဖန်တီးပြီး တော်လှန်စိတ်ဆိုတာကို ရိုက်သွင်းတယ်။ တတိယအဆင့် ဝန်ထမ်းလောကကို CDM ဆိုတဲ့ အကြောင်းအရာအသစ်တစ်ခုနဲ့ မက်လုံးပေးဖျက်ဆီးလိုက်တယ်။ Gen-Z ကနေ PDF ဖြစ်လာပြီးလူငယ်တွေကို တော်လှန်ရေးမှိုင်းတိုက်ပြီး ဟိုအကောင်လေးပြပြီး ဆန်တောင်းသလိုလုပ်ကြတယ်။ လူသားအရင်းအမြစ်ကို သွယ်ဝှိုက်ပြီးဖျက်ဆီးလိုက်တယ်။
အနောက်အုပ်စု မနာလိုသူအိမ်နီးချင်းတွေရဲ့ လုပ်ဆောင်ချက်တွေကို ကြည့်လိုက်ရင် မြန်မာမတိုးတက်စေဖို့ Mission တစ်ခုတည်းကိုပဲဦးတည်ဆောင်ရွက်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။ ကျွန်တော်တစ်ဦးတည်းအမြင်အနေနဲ့ သုံးသပ်ရရင်တော့ မြန်မာတွေက တော်တယ် ထက်တယ် ဒါပေမယ့် “အ” တယ် “မြှောက်ပေးတိုင်းလုပ်တတ်ကြတယ်”
သိမြင်ကြားကြပါစေ…
စေတနာဖြင့်
Min Thuya