CRPH၊ NUG နှင့် လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများကို လိုက်ပါလုပ်ဆောင်သူများအား ဖော်ထုတ်အရေးယူ

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူလျက်ရှိရာ-
မတ်လ ၁၃ရက်က-
(၁) မကွေးတိုင်းဒေသကြီး၊ ရေစကြို မြို့နယ်၊ အမှတ်(၆)ရပ်ကွက်နေ ဆန်းဆင့်အောင်(ခ)ပိုင်သူထက်အောင်သည် ၎င်းအသုံးပြုသည့် “Pain Thu” Facebook အကောင့်၊
(၂) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မြောက်ပိုင်းရပ်ကွက်နေ မေဇွန် (ခ)ခင်ဝင်းရီသည် ၎င်းအသုံးပြုသည့် “May Zon” Facebook အကောင့်၊
(၃) ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလောမြို့နယ်၊ ချောင်းပါးကျေးရွာနေ ဝါဝါအောင်သည် ၎င်းအသုံးပြုသည့် “War War Aung” Facebook အကောင့်၊
(၄) စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်း မြို့နယ်၊ ပိုးတန်းရပ်ကွက်နေ သဇင်ခိုင်သည် ၎င်းအသုံးပြုသည့် “Thazin Khaing” Facebook အကောင့်၊
(၅) မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ကံရိုးကျေးရွာနေ ပိုးအိလွင်သည် ၎င်းအသုံး ပြုသည့် “Poe Ei Lwin” Facebook အကောင့်
(၆) မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ကျောက်ဖူး ကျေးရွာနေ လွင်မာဦးသည် ၎င်းအသုံးပြုသည့် “Lwin Mar Oo” Facebook အကောင့်တို့သည် အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြား စေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေ နှင့်အညီဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရပါသည်။