ခင်ဦးမြို့နယ်ထဲက ရွာတစ်ရွာမှာ PDF တွေက အုပ်စုဖွဲ့ မုဒိန်းကျင့်လို့ အရပ်သားအမျိုးသမီးငယ်တစ်ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်ထဲက မြို့သစ်ဆိုတဲ့ ကျေးရွာကလေးမှာ အရပ်သား အမျိုးငယ်​တစ်ဦးကို PDF တွေက အုပ်စုဖွဲ့ မုဒိန်းကျင့်လို့ သေဆုံးသွားတဲ့ဖြစ်စဥ်တစ်ခု ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကလေးမလေးက အသက် ၁၈ နှစ်ပြည့်ခါစပဲရှိသေးတယ်ဗျာ။ တောထဲကို ဟင်းရွက်ရှာဆိုပြီးသွားတာ။ ညနေပိုင်းအထိ ပြန်မလာလို့ မိဘဆွေမျိုးတွေက လိုက်ရှာတော့မှ တောထဲမှာ မိန်းမကိုယ်ကနေ သွေးတွေထွက်ပြီး သေနေတာကိုတွေ့ရတာ။ စုံစမ်းကြည့်လိုက်တော့ PDF တွေအုပ်စုလိုက်မုဒိန်းကျင့်သွားကြတာတဲ့။” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့သစ်ရွာသားတစ်ဦးက ပြောပြခဲ့တာပါ။

အဲဒီဒေသတွေဟာ PDF တွေကြီးစိုးပြီး ဆက်ကြေးကောက်၊ လူသတ်၊ ပစ္စည်းခိုးမှုတွေကို နေ့စဥ်လိုလို လုပ်ဆောင်နေကြသလို ယခုလို သူတစ်ပါးရဲ့ သမီးပျိုလေးတွေကိုလည်း မကြာခဏဆိုသလို မုဒိန်းကျင့်၊ အလိုမတူရင် သတ်ဖြတ်မှုတွေ ပြုလုပ်နေကြတယ်လို့လည်း ၎င်းဒေသခံက ပြောပြခဲ့ပါသေးတယ်။

ယခုလိုလုပ်ဆောင်မှုတွေကြောင့် အချို့အမျိုးသမီးတွေဟာ မယားရှိတဲ့ PDF တွေနဲ့ တရားမဝင် ပေါင်းသင်းနေထိုင်နေကြရသလို အချို့ကတော့ ကိုယ်ဝန်ဖျက်ချတာတွေ ပြုလုပ်နေကြပြီး အချို့လည်း ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားတာတွေ ရှိတယ်လို့ ဒေသခံတွေရဲ့ ပြောပြမှုအရ သိရပါတယ်။

mhtnews