လုံခြုံရေးတပ်ဖွဲ့ဝင် ၁၅ ဦးထက်မနည်းသေဆုံးတယ်လို့ Mizzima မှ သတင်းအမှားရေး

ဇူလိုင်လ ၁၄ ရက်နေ့က ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်-တံခွန်တိုင်ကျေးရွာအုပ်စု၊ ခလယ်တံခွန်တိုင် ရွာနှင့်ပုလိန်ရွာ တဝိုက်တွင်ဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်း စစ်သား ၁၅ ဦး ထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း Mizzima မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင်လ ၁၄ ရက်နေ့က ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်-တံခွန်တိုင်ကျေးရွာအုပ်စု၊ ခလယ်တံခွန်တိုင် ရွာနှင့်ပုလိန်ရွာတဝိုက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် KNLA/PDF များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း ဒေသတွင်းသတင်း ပေးချက်များအရသိရှိရပါတယ်။ Mizzuma မှ ဖြစ်စဉ်အမှန်မရေးဘဲ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၅ ဦးထက်မနည်း သေဆုံးတယ်လို့ သတင်းအမြတ်ထုတ်ကာ တပ်မတော်ကို အပုတ်ချရေးသားထားခြင်းသာဖြစ်ပါတယ်။

Disinformation

FACT-CHECK