နယ်သာလန်ရဲ့ အရောင်တလက်လက် ထနေတဲ့ ကြယ်တစ်ပွင့် ကိုဒီဂတ်ပို

ကိုဒီဂက်ပိုဆိုတာ နယ်သာလန်ရဲ့ အရောင်တလက်လက် ထနေတဲ့ ကြယ်တစ်ပွင့်ဖြစ်ပါတယ်
ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာလည်း ထိုက်သင့်တဲ့ ခြေစွမ်းတွေပြသခဲ့သလို သွင်းဂိုးအချို့လည်း
ရယူနိုင်ခဲ့ပါတယ် ဒါပေမယ့် လီဗာပူးလ်ကိုပြောင်းရွှေ့လာပြီးနောက်
အနည်းငယ်ရုန်းကန်ခဲ့ရပြီး သူရဲ့ အကောင်းဆုံး ပုံစံကို ရရှိဖို့
ဘယ်နေရာက အကောင်းဆုံးလဲဆိုတာ ကလော့ပ် တို့အဖွဲ့အတွက် ဦးစားစေခဲ့ပါတယ်
ပီအက်ဗွီ မှာ ပြသခဲ့တဲ့ခြေစွမ်းကောင်းတွေကြောင့် နယ်သာလန် လက်ရွေးစင်ဟာ
ယူရို၄၄သန်းနဲ့ အန်ဖီးလ်ကို ခေါ်ယူခြင်းခံခဲ့ရပါတယ် မန်ချက်စတာယူနိုက်တက်နဲ့သတင်းတွေ
ထွက်ပြီးမှ မထင်မှတ်ပဲ လီဗာပူးလ်ကိုရောက်ရှိခဲ့တာမို့ လီဗာပူးလ်ပရိတ်သတ်အချို့
ကျေနပ်အားရခဲ့ပေမယ့် ရောက်ကာစ အသင်းနဲ့ သဟဇာတမဖြစ်ခဲ့တာမို့
အနည်းငယ်တော့ စိုးရိမ်ခဲ့ရပါတယ် ဒါပေမယ့် ဂက်ပိုဟာ ကြယ်ပွင့်တစ်ဦးပီပီ
နောက်ပိုင်းပွဲတွေမှာ အသင်းနဲ့ အံဝင်စပြုလာခဲ့ပြီး ခုဆို နောက်ဆုံး ၂ပွဲမှာ သွင်းဂိုး ၂ဂိုး
ရယူထားနိုင်ခဲ့ပါပြီ သူရဲ့ လီဗာပူးလ်အတွက်အဖွင့်ဂိုးကိုတော့ အဲဗာတန်နဲ့ မာဆေးဆိုဒ် ဒါဘီမှာ
ရယူခဲ့တာပါ ဒါကြောင့် ကိုဒီဟာ သူရဲ့ အကောင်းဆုံးခြေစွမ်းကို အင်္ဂလန်မြေမှာ
ပြန်လည်ရှာဖွေနိုင်ခဲ့ပြီဆိုနိုင်မှာပါ ဒါပေမယ့် မေးခွန်းတစ်ခုကတော့ ကျန်ရှိနေဆဲဖြစ်ပြီး
ကိုဒီဂက်ပိုဟာ တိုက်စစ်မှုးလား တောင်ပံတိုက်စစ် လား ဆိုတာပဲဖြစ်ပါတယ်
“ကျတော်ကို သည်မေးခွန်းမျိုး များစွာ မေးဖူးပါတယ် ပြီးခဲ့တဲ့ ရာသီ၃ခုလောက်မှာ
ကျတော် ဘယ်တောင်ပံမှာကစားခဲ့ပါတယ် ဒါပေမယ့် ကမ္ဘာ့ဖလားမှာတော့ နံပါတ်၁၀ နေရာ
တိုက်စစ်အလည်မှာ ကစားခဲ့တာပါ သည်နေရာမှာလည်း ကျတော် ကစားနိုင်ပါတယ်
ကစားရတဲ့နေရာကလည်း အရေးကြီးတယ်လို့ထင်ပါတယ် တိုက်စစ်ဗဟိုမှာကစားတဲ့အခါ တောင်ပံမှာ
ကစားတာထက်
အခွင့်အရေးတွေပိုပြီးရနိုင်ပါတယ် ဒါပေမယ့် ဘယ်နေရာမှာပဲ ဖြစ်ပါစေ ကျတော်အတွက် ကိစ္စမရှိပါဘူး
ကွင်းထဲမှာ ကစားနေရပြီဆိုတာနဲ့ ကျတော် အတွက် ကျေနပ်စရာဖြစ်နေတာပါ”
ဒါကတော့ ယူအီးအက်ဖ်အေနဲ့ တွေ့ဆုံစဥ်မှာ ဂက်ပိုပြောဆိုခဲ့တာပါ
ခုချိန်မှာတော့ ဂက်ပိုဟာ မိုဆာလက် ဒါဝင်နူနက်ဇ် တို့နဲ့အတူ လီဗာပူးလ် မှာအကောင်းဆုံး ပုံစံပြသဖို့ တာစူနေပြီဖြစ်ပြီး
ရာသီဝက်မှာ ပြောင်းရွှေ့လာတဲ့ကစားသမားတိုင်းကြုံတွေ့နေကျ အသင်းနဲ့အံမဝင်မှုပြဿနာကို ကျော်လွှာဖို့အဆင်သင့်ဖြစ်ခဲ့ပါပြီ
“လီဗာပူလ်းက ကမ်းလှမ်းတယ်ဆိုတာ သိလိုက်ပြီးနောက် ကျတော်မှာအခြား စဥ်းစားစရာ မရှိခဲ့ပါဘူး
သည်အသင်းက ကျတော် ပူးပေါင်းချင်တဲ့ အသင်းကြီးတစ်သင်းလည်းဖြစ်ပါတယ် ခင်ဗျားတို့ သိတဲ့အတိုင်းပဲ
ရာသီဝက်မှာ အသင်းသစ်နဲ့ပူးပေါင်းရတာက ကစားသမားတွေအတွက် သိပ်တော့ အဆင်သင့်မဖြစ်စေပါဘူး ပြင်းပြင်းထန်ထန်ကြိုးစားဖို့လိုပါတယ်”
ကိုဒီဟာ ပြောစကားနဲ့အညီ ကြိုးစားခဲ့ပြီး လက်ရှိမှာတော့ လီဗာပူးလ် အသင်းနဲ့အတူ အကောင်းဆုံး ပုံစံပြသနေနေကာ
ရာသီကုန် ဘယ်လိုအောင်မြင်မှုတွေနဲ့ အဆုံးသတ်မလဲဆိုရင် ရင်ခုန်စွာစောင်ကြည့်လိုက်ကြရအောင်…

crd;