ထိုင်း-မြန်မာနယ်စပ်တွင် လက်နက်နှင့်ဆက်စပ်ပစ္စည်းများထိုင်းရဲက ဖမ်းဆီး

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် မယ်လမတ်ဒေသရှိ နေအိမ်တစ်အိမ်ကို ဝင်ရောက်စစ်ဆေးရာတွင် တရားမဝင်လက်နက်များနှင့် ဆက်စပ်ပစ္စည်းများကို ဖမ်း ဆီးရမိခဲ့ပြီး မြန်မာနိုင်ငံသား ၁ ဦးအပါအဝင် ဆက် စပ်သူ ၃ ဦးကို ဖမ်းဆီးရမိခဲ့ပြီး​နောက် နယ်စပ်နှင့် မဲ​ဆောက်တွင် အဖမ်းအဆီး အစစ်အ​ဆေးကြမ်း​နေ​​ကြောင်း သိရှိရသည်။

ယမန်နေ့(မေ ၁၄)တွင် မယ်လမတ်ဒေသရှိ နေအိမ်တစ်လုံးကို ဝင်ရောက်စစ်ဆေးစဉ် အိမ်စီးကားပေါ်တွင် ဝှက်ထားသော လက်နက်နှင့် ဆက်စပ်ပစ္စည်းများ ထောင်နှင့်ချီ သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါပစ္စည်းများနှင့်အတူ မြန်မာနိုင်ငံသား အမျိုး သမီး တစ်ဦးနှင့် ထိုင်းနိုင်ငံသား ၂ ဦး စုစုပေါင်း ၃ ဦးတို့ကိုလည်း ဖမ်းဆီးရမိခဲ့ပါတယ်။ လက်နက်ပစ္စည်းများတွင် ပစ်စတိုနှင့် ဆက်စပ်ပစ္စည်းများ၊ M 16 နှင့် ဆက်စပ်ပစ္စည်းများ၊ M 15 နှင့် ဆက်စပ်ပစ္စည်းများ အရေအတွက် ထောင်နှင့်ချီ ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။ မေလ ၁ ရက်နေ့တွင်လည်း ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် မဲဆောက်မြို့အနီးရှိ မဲဆောက်-အူဖန်း ကားလမ်းမပေါ်တွင် ဆိုင်ကယ်စီးလာသော မြန်မာလူငယ်နှစ်ဦးကို သေနတ် ၂ လက်နှင့်အတူ ဖမ်းဆီးရမိခဲ့သေးသည်။

ယခုနောက်ပိုင်းတော့ မဲ​ဆောက်နဲ့ ထိုင်း-မြန်မာနယ်စပ်မှာ အရမ်းအစစ်အ​ဆေး​တွေများ​နေကြောင်း သိရှိရပါတယ်။

crd;