ပြင်သစ်ရဲ့ အကြီးဆုံးစာကြည့်တိုက် မီးလောင်

(၁၇) နှစ်အရွယ်အမျိုးသမီးလေး တစ်ဦးအား ပစ်ခတ်မှုကနေစတင်ခဲ့တဲ့ ပြင်သစ်နိုင်ငံရဲ့ အဓိကရုဏ်းဟာ တဖြည်းဖြည်းချင်း ဆိုးရွာလာနေပြီး ဆန္ဒပြသူများက ရဲစခန်းများကိုပါ ဝင်ရောက်မီးရှို့ခြင်းအထိပါလုပ်ဆောင်လာနေပြီဖြစ်ပါတယ်။ ပြင်သစ်သမ္မတ အနေနဲ့လည်း ဆန္ဒပြမှုများအမြန်ဆုံး ပြေငြိမ်းဖို့ လုပ်ဆောင်လျက်ရှိနေချိန် ဇူလိုင်လ ၄ ရက်နေ့မှာတော့ ပြင်သစ်နိုင်ငံမှာရှိတဲ့ အကြီးဆုံး စာကြည့်တိုက်ကြီးဟာလည်း မီးလောင်မှုနောက်သို့ ပါဝင်သွားခဲ့ရလေပြီပဲဖြစ်ပါတယ်။ အကြမ်းဖက်ဆိုတာ ဘယ်သူ့အတွက် ဘယ်အဖွဲ့အစည်းအတွက်မှ ကောင်းကျိုးမရှိတဲ့ အရာတစ်ခုပါ။