သာကေတတွင် လက်ဘက်ရည်ဆိုင်၌ ဘောလုံးပွဲကြည့်နေသူကို PDF များက သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြိုနယ်၊ (၉) ရပ်ကွက်၊ ရတနာပုံလမ်းထောင့်နှင့် နဝရတ်လမ်းထောင့်ရှိ ကောင်းကောင်းလက်ဘက်ရည်ဆိုင်တွင် ဘောလုံးပွဲကြည့်နေသူတစ်ဦးကို ပီဒီအက်(ဖ်) အကြမ်းဖက်သမားများက ဇန်နဝါရီလ ၂၁ ရက် ည ၇ နာရီ ၅၀ မိနစ်အချိန်၌ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်းသိရသည်။

ရဲလင်းအောင် (ခေါ်) ဝက်ကြီး (၂၁ နှစ်)(စျေးရောင်း) သည် လက်ဘက်ရည်ဆိုင်တွင် လမ်းနှင့်လေးပေအကွာစားပွဲတွင် ထိုင်ပြီး ဘောလုံးပွဲကြည့်နေစဉ် ရတနာပုံလမ်းအတိုင်း ပီဒီအက်(ဖ်) အကြမ်းဖက်သမားနှစ်ဦးစီးလာသော ဆိုင်ကယ်ကဆိုင်ရှေ့တွင်ရပ်ပြီး ရဲလင်းအောင်ကိုသေနတ်ဖြင့် နှစ်ချက်ပစ်ခတ်ထွက်ပြေးသွားသဖြင့် ရဲလင်းအောင်တွင် ဦးခေါင်းကျည်ထိဒဏ်ရာဖြင့် အခင်းဖြစ်ရာတွင်သေဆုံးသွားကြောင်းသိရသည်။