ဒီဇင်ဘာ ၂၆ ရက်နေ့တိုက်ပွဲသတင်းများ

-ရှမ်းပြည်(မြောက်ပိုင်း) နမ္မတူမြို့နယ်အတွင်းရှိ ခမရ(၃၂၄) ရင်းဌာနချုပ်သို့လည်းကောင်း၊ မိုင်းငေါ့စခန်းသို့လည်းကောင်း၊ လောက်ကိုင်မြို့မရဲစခန်းသို့လည်းကောင်း TNLA နှင့် MNDAA သောင်းကျန်းသူများက လာရောက်တိုက်ခိုက်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရ။

-ကယားပြည်နယ် ဖယ်ခုံမြို့ရှိ လွိုင်ဖာဆာစခန်းသို့ KNPP/KNDF အကြမ်းဖက်ပူးပေါင်းအင်အား ၁၀၀ ဦးခန့်က Drone ၂ စီးဖြင့် Drop Bomb ၅ လုံး၊ လက်နက်ကြီး/ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရ။

-ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းရှိ ခဝဲစခန်း ကာကင်းနေရာများသို့ AA သောင်းကျန်းသူ ၃၀ ဦးခန့်က Drone ၂ စီးဖြင့် Bomb ၄ လုံး လက်နက်ကြီး/လက်နက်ငယ်များနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အင်အား ၁၀၀ ဦးခန့်က ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် မိမိဘက်မှ လေကြောင်းပစ်ကူရယူ၍ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရှိရ။

-ချင်းပြည်နယ် မတူပီမြို့နယ်အတွင်းရှိ ကျင်ဒွေးနယ်မြေရဲစခန်းသို့ နေရာ ၄ နေရာမှ PDF ၂၀၀ ဦးခန့် လာရောက်ပစ်ခတ်သဖြင့် မိမိဘက်မှ လေကြောင်းပစ်ကူရယူ၍ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရှိရ။

-စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ်အတွင်းရှိ ကံထူးမ နယ်မြေရဲစခန်းသို့ နေရာ ၃ နေရာမှ PDF ၁၅၀ ဦးခန့်က လာရောက်ပစ်ခတ်သဖြင့် မိမိဘက်မှပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရှိရ။