CDM တွေကို ထိထိရောက်ရောက် အရေးယူတော့မယ်

CDM တွေနဲ့ ပတ်သက်ပြီး တစ်လအတွင်းမှာ စီမံချက်နဲ့ အရေးယူတော့မယ်ဆိုပြီး သိရတယ်။ ဘာကြောင့်လဲဆိုတော့ အခုသိနေရတာက CDM လုပ်ထားတဲ့သူတွေက CDM ဆိုပြီးသာခေါင်းစဉ်တပ်ထားတာ အိမ်မှာအေးဆေးနေကြတဲ့သူတွေမဟုတ်ဘူး…
အထူးသဖြင့် ဆရာဝန်တွေဆိုရင် CDM လုပ်ထားပြီး ပုဂ္ဂလိကဆေးရုံတွေမှာ ဆေးလိုက်ကုပေးနေကြတယ်.
ကျောင်းဆရာ/ဆရာမတွေလဲ အတူတူပဲ.
ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတွေမှာ စာလိုက်သင်ပေးနေကြတယ်.
အဲဒါကြောင့် အခုသိရတဲ့ စီမံချက်ထဲမှာ တစ်လအတွင်း CDM သမားတွေကို ထိထိရောက်ရောက်ကို အရေးယူတော့မှာ.
သူတိုတင်ပဲလားဆိုတော့ မဟုတ်သေးဘူးနော် အဲဒီ CDM သမားတွေကို လက်ခံထားတဲ့ ဆေးရုံတွေ၊ ကိုယ်ပိုင်ကျောင်းတွေကိုလည်း ပိတ်ပြစ်မယ်လို သိရတယ်.
တကယ်လုပ်လားမလုပ်လားဆိုတာကတော့ မန္တလေးမှာ ဖြစ်သွားတဲ့ ဖြစ်စဉ်ကို အားလုံးအသိပဲဖြစ်မှာပါ.
အဲဒီတော့ ပြောချင်တာက CDM တော့ လုပ်ခဲ့ကြတယ်.
ဒါပေမယ့် အခု CDM လုပ်ခဲ့တဲ့ အမှားကိုသိပြီး အမှန်ပြင်ချင်တဲ့စိတ်နဲ့ ပြန်လည်ဆက်သွယ်ချင်တယ်ဆိုရင်လည်း အချိန်မရွေးပြန်လည်ဆက်သွယ်နိုင်ပြီး ကြိုဆိုပေးသွားမယ်လိုလည်း သိရတယ်.