KIA နှင့် အကြမ်းဖက်ပူးပေါင်းအဖွဲ့များမှ ဗန်းမော်လေယာဉ်ကွင်းအား ရှော့တိုက်ဒုံးနှင့်ပစ်

ကချင်ပြည်နယ် ဗန်းမော်မြို လေယာဉ်ကွင်းအား မတ်လ ၂၄ ရက်တွင် KIA နှင့် အကြမ်းဖက်ပူးပေါင်းအင်အား (စိစစ်ဆဲ) အဖွဲ့က ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံးဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် လေယောဉ် ကွင်း၏ ကွန်ကရစ် အခင်း အလျား ၁ ပေ၊ အနံ ၄ လက်မ ၊ အနက် ၁ လက်မခန့် ပျက်စီးခဲ့ကြောင်း သိရပါတယ်။

ဗန်းမော်မြို့သူ မြိုသားများအနေဖြင့် ရန်ကုန်-မန္တလေး-မြစ်ကြီးနား မြို့များသို့ သွားလာရာတွင် လေ ကြောင်းလိုင်းကိုသာ အဓိက အားထားနေရသဖြင့် KIA အဖွဲ့အနေဖြင့် ယခုကဲ့သို အရပ်ဘက်ပစ်မှတ် လေဆိပ်အား အဝေးမှ လက်နက်ကြီးဖြင့်အကြမ်းဖက်တိုက်ခိုက်ခဲ့မှုအပေါ် ဗန်းမော် မြို့သူ မြို့သားများမှ KIA အဖွဲ့ ၏ လုပ်ရပ်ကို ဆန့်ကျင် ရှုံ့ချလျက်ရှိကြောင်း သိရှိရပါတယ်။ #Crd