မတ်လ ၂၃ ရက်နေ့ တိုက်ပွဲသတင်းထုတ်ပြန်ချက်

ကချင်ပြည်နယ် (မြို့သစ်)
ကချင်ပြည်နယ်၊ မြို့သစ်ရှိ နယ်မြေခံတပ်ဌာနချုပ်တစ်ခုအား KIA+အကြမ်းဖက်သမား အင်အား(စုံစမ်းဆဲ) အဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ၃ ကြိမ်လာရောက်ပစ်ခတ်လို့ ပြန်လည်ပစ်ခတ်ခဲ့ရ၊ အလားတူ အဆိုပါနေ့တွင်လည်း နယ်မြေခံတပ်ဌာနချုပ်တစ်ခုအား KIA+အကြမ်းဖက်သမား အင်အား(စုံစမ်းဆဲ) အဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ၂ ကြိမ်လာရောက်တိုက်ခိုက်လို့ တပ်မတော်မှ ပြန်လည်ပစ် ခတ်ခဲ့ရကြောင်း သိရှိရ။

ရန်သူ့ထိခိုက်မှုစုံစမ်းဆဲ၊ မိမိဘက် ထိခိုက်မှုမရှိ။

(ဆွမ်ပရာဘွမ်)

ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်စခန်းအား KIA+အကြမ်းဖက်သမား ၄၀ ဦးခန့်က Drop Bomb များ၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ၃ ကြိမ်လာရောက် တိုက်ခိုက်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည် တိုက်ခိုက်ခဲ့ရ။

ရန်သူ့ထိခိုက်မှုစုံစမ်းဆဲ၊ စစ်သည် ၁ ဦး ဒဏ်ရာရ။

ကယားပြည်နယ် (ဖားဆောင်း)
ကယားပြည်နယ်၊ ဖားဆောင်းမြို့ရှိ မီးသတ်ရုံးနေရာအား KNPP+အကြမ်းဖက်သမား ၁၆၀ ဦးခန့်က Drone များ၊ လက်နက်ကြီး/ငယ်များဖြင့် ၁ ကြိမ်၊ KNPP+အကြမ်းဖက်သမား ၁၅၀ ဦးခန့်က Drone များ၊ လက်နက်ကြီး/ငယ်များဖြင့် ၁ ကြိမ်၊ စုစုပေါင်း ၂ ကြိမ်လာရောက် တိုက်ခိုက်သဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ရ။

ရန်သူ့ထိခိုက်မှုစုံစမ်းဆဲ၊ မိမိဘက် ထိခိုက်မှုမရှိ။

ရှမ်းပြည်နယ်တောင်ပိုင်း (ဆီဆိုင်)
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့ထဲမှ ဆုတ်ခွာထွက်ပြေးနေသော PNLA/ KNDF အကြမ်းဖက်သမားများ အား လိုက်လံရှင်းလင်းရာ ဆီဆိုင်မြို့အထွက်တွင် ပုန်းအောင်းနေတဲ့ PNLA/ KNDF ၁၀ ဦးခန့်ဖြင့် ထိတွေ့မှု ဖြစ်ပွားခဲ့ပြီး ရန်သူဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရှိရ။

M-22 ၁ လက်၊ ကျည်အိမ် ၁ ခု၊ အီနာဂါ ၁ လုံး၊ ကျည်ကာ ဦးထုတ် ၁ လုံး သိမ်းဆည်းရမိပြီး မိမိဘက် ထိခိုက်မှုမရှိ။

ကရင်ပြည်နယ် (သင်္ကန်းညီနောင်)
ကရင်ပြည်နယ်၊ သင်္ကန်းညီနောင်တွင် နယ်မြေရှင်းလင်းရေးလုပ်နေသော စစ်ကြောင်းနှင့် KNLA+ အကြမ်းဖက်သမား ၇၅ ဦးခန့်တို့ မြို့ပြင်တွင် ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း သိရှိရ။

ရန်သူ့ထိခိုက်မှုစုံစမ်းဆဲ၊ မိမိဘက် ထိခိုက်မှုမရှိ။

စစ်ကိုင်းတိုင်း (တန့်ဆည်)
တန့်ဆည်မြို့နယ်၊ ဖန်ခါးစင်ကျေးရွာ၌ နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင် များသည် အကြမ်းဖက် PDF များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရ။
PDF ၃ လောင်း၊ AK-47 ၁ လက်၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ ဗုံးသီး ၂ လုံးနှင့် ကျည်ဆံများ သိမ်ဆည်းရမိ၊ မိမိဘက် ထိခိုက်မှုမရှိ။

#တိုက်ပွဲသတင်းစုံ