မန္တလေး ကမ္ဘောဇဘဏ် ဓားပြတိုက်ခံရ

ယနေ့ မတ်လ (၂၅)ရက် နံနက် (၁၁)နာရီ (၂၀)မိနစ်အချိန်က မန္တလေးမြို့၊ မောရဂီဝါရပ်ကွက်၊ ၇၄ လမ်း၊ ၃၁- ၃၂ လမ်းကြားရှိ ကမ္ဘောဇဘဏ်သို့ CZI ဆိုင်ကယ် အမျိုးအစား နံပါတ်ပါနှင့် နံပါတ်မပါ နှစ်စီးဖြင့် အမျိုးသား (၃)ဦး ရောက်ရှိလာပြီး ဓားပြတိုက်သွားကြောင်း သိရသည်။

ယင်း အမျိုးသား သုံးဦးသည် သေနတ်အတို (၁)လက်၊ ပုဆိန် (၁)လက်ဖြင့် ရောက်ရှိလာပြီး ကမ္ဘောဇဘဏ်မှ ငွေကျပ်သိန်း (၂၀၈၀) အား ဆာလာအိတ်ဖြင့်ထည့်ကာ ဓားပြတိုက် ယူဆောင်သွားခြင်းဖြစ် ကြောင်းသိရပါတယ်။ #Crd