လင်းကတောရဲစခန်းတိုက်ပွဲ လေကြောင်းကပစ်ခံရလို့ PDF ၉ ဦး သေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လင်းကတောရဲစခန်းသိမ်းတိုက်ပွဲမှာ လေကြောင်းပစ်ခတ်ခံရမှုကြောင့် မြိုင်နဲ့ ရေစကြိုပကဖတပ်ဖွဲ့ဝင် ၉ ဦးကျဆုံးခဲ့တယ်လို့ မြိုင်မြို့နယ်တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

မြိုင်နဲ့ရေစကြိုမြို့နယ်အစပ်၊ ပုသိမ်-မုံရွာလမ်းမပေါ်ရှိ စစ်အင်အား ၁၀၀ ကျော်တပ်စွဲနေတဲ့ လင်းကတောရဲစခန်းကို တိုက်ခိုက်နေစဉ်အတွင်း ဒီဇင်ဘာ ၇ ရက် မနေ့ ညနေ ၃ နာရီကျော်မှာ တပ်မတော်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ ဖြစ်ပါတယ်။

လင်းကတောရဲစခန်းကို နိုဝင်ဘာလကုန်ပိုင်းမှစတင်ကာ PDFတွေက ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်နေတာဖြစ်ပြီး အနီးကပ်တိုက်ပွဲကို ဒီဇင်ဘာ ၄ ရက်က စတင်တိုက်ခိုက်ခဲ့ရာ စခန်းအခြေတွေအထိ ရောက်နေပြီ။ လက်နက်ချဖို့ ပြောနေတဲ့အချိန်မှာ လေကြောင်းလာတော့ PDF တွေက စခန်းနဲ့မျက်နှာချင်းဆိုင်ကတိုက်ထဲ ဝင်ခိုတာ။ အဲ့ဒီတိုက်ကို ပစ်ချလိုက်တာ။ အကုန်ထိတာပဲ။ တစစီ လိုက်ကောက်ရတယ်”လို့ သိရပါတယ်။

အဆိုပါတိုက်ပွဲ လေကြောင်းတိုက်ခိုက်မှုအတွင်း PDF များအကျအဆုံးများခဲ့တာကြောင့် တပ်ပြန်ဆုတ်ခဲ့ရပြီး ရဲစခန်းကိုလည်း မရရှိခဲ့ဘူးလို့လည်း သိရပါတယ်။